ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာလေးများ
အထွေထွေ

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာလေးများ

Admin

📅 06.01.2025

ဆောင်းရာသီမှာ အဖျားအနာကင်းစေဖို့ဆိုရင် အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ်ခံအား ကောင်းစေဖို့ပါ။ အအေးပိုတာကြောင့် ဖျားနာလွယ်တဲ့ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာတွေ ရှိပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ဘယ်လို အစားအသောက်တွေကို စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တာလေးများ

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ဆိုရင် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးပေးသင့်တာတွေကတော့ -  ပန်းဂေါ်ဖီစိမ်း  ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C၊ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။  အယ်လ်မွန်စေ့ အယ်လ်မွန်စေ့မှာ ဗီတာမင် E နဲ့ ကောင်းကျိုးပြု အဆီတွေ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ရော ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှု ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။  ဟင်းနုနွယ်ရွက်  ဟင်းနုနွယ်ရွက်မှာ ကိုယ်ခံအားကို ထောက်ကူပေးနိုင်တဲ့ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာ်မင် E တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ရော ဖျားနာမှု ကင်းစေဖို့ကိုပါ ထောက်ကူပေးနိုင်ပါတယ်။  ကန်စွန်းဥ ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်းနဲ့ ဗီတာမင် A တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်သလို အသားအရေနဲ့ အမြင်အာရုံ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။  နနွင်း မီးယပ်ပြဿနာတွေကို သက်သာစေနိုင်သလို အသားအရေ ကျန်းမာစေပြီး အရောင်ကျစေနိုင်တယ်လို့ လူသိများတဲ့ မီးဖိုချောင်ဆေးဝါးတစ်ခု ဖြစ်တဲ့ နနွင်းက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ပါတဲ့ allicin က ကိုယ်ခံအားကောင်းစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပြီး ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းစေဖို့ရော အဖျားအနာကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။  ချင်း (ဂျင်း) ချင်း (ဂျင်း)က ဖျားနာမှုကို သက်သာစေဖို့ရော ကိုယ်ခံအား ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ အဖျားအနာ ကင်းစေဖို့အတွက် ချင်း (ဂျင်း) ကို ပုံမှန်လေး စားပေးလို့ ရပါတယ်။  အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေ သံပုရာသီး၊ သံပရိုသီးနဲ့ လိမ္မော်သီးတို့လိုမျိုး အချဉ်ဓာတ်ပါတဲ့ အသီးတွေက ဗီတာမင် C ကြွယ်ဝသလို ဆောင်းရာသီမှာ အဖျားအနာကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  ပျားရည်  ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ပျားရည်က အနာကျက်စေနိုင်သလို ကိုယ်ခံအားကောင်းစေဖို့ လည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ပျားရည်ကို စားပေးလို့ ရပါတယ်။ ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းပြီး အဖျားအနာကင်းစေဖို့ အခုပြောပြခဲ့တာလေးတွေကို စားပေးလို့ ရပါတယ်။

လိုတိုရှင်းရဲ့ စကားလက်ဆောင် ဆောင်းရာသီမှာ လေထုက အေးမြနေတာကြောင့် ဗိုင်းရပ်စ်တွေက လေထုထဲမှာ အခြားအချိန်တွေထက် အချိန်ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။ ဒီလို အသက်ရှင်ချိန် ကြာမြင့်တာက ဖျားနာမှုကို ပိုဖြစ်စေပြီး တုပ်ကွေးအပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာကို အလွယ်တကူ ခံစားရတာမျိုး ဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းပြီး အဖျားအနာ ကင်းစေဖို့ နေ့စဉ်စားသုံးမှုမှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်တာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!