ဆေးလိပ်သောက်တာက အဆုတ်ကို ပြင်းထန်စွာ ထိခိုက်စေပါတယ်
ဆေးလိပ်သောက်တာက အဆုတ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ သက်ရောက်မှုကြီးတဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါပေမယ့် ဆေးလိပ်သောက်တာ တစ်ခုကပဲ အဆုတ်ကို ပျက်စီးစေတာမျိုး မဟုတ်ပါဘူး။ တဆင့်ခံ ဆေးလိပ်ငွေ့ကို ထိတွေ့တာ၊ လေထုညစ်ညမ်းတာ၊ အန္တရာယ်ရှိတဲ့ အရာတွေနဲ့ ထိတွေ့နေရတာ၊ လေထုညစ်ညမ်းမှုတွေလိုမျိုးအရာတွေနဲ့ နေ့စဉ်ဘဝမှာ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာကလည်း အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ အချို့သော ကျန်းမာရေး ပြဿနာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့လည်း အဆုတ် ထိခိုက်ပျက်စီးတာမျိုးတွေ ရှိနိုင်ပါတယ်။ဆေးလိပ်သောက်မှ အဆုတ် ထိခိုက်တာ မဟုတ်ဘူးနော်
ဆေးလိပ်သောက်မှ အဆုတ်ထိခိုက်တာ မဟုတ်ပါဘူးနော်။ အခုလို အခြေအနေတွေကလည်း အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။- တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့တာ
- လေထုညစ်ညမ်းတာ
- အန္တရာယ်ရှိတဲ့ အရာတွေကို ထိတွေ့ ရှူရှိုက်နေရတာ
- အထိုင်များတာ
- ကျန်းမာရေးပြဿနာရှိတာ
- အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေ ခံစားရတာ
အဆုတ်ထိခိုက်မှုကင်းစေဖို့ ဘယ်လို ကာကွယ်ကြမလဲ!
အဆုတ်ကို ထိခိုက်မှုကင်းစေဖို့ဆိုရင် -- ဆေးလိပ်မသောက်ပါနဲ့။
- တဆင့်ခံဆေးလိပ်ငွေ့ရှောင်ပါ။
- အိမ်တွင်းလေထု သန့်ရှင်းစေဖို့ ဂရုစိုက်ပါ။ (ဖုန်မှုန့်တွေ၊ ဓာတုပစ္စည်းတွေနဲ့ ဆေးလိပ်ငွေ့တွေ ကင်းစင်စေဖို့ သေချာ ဂရုစိုက်ပါ)
- လေဝင်လေထွက်ကောင်းဖို့ ဂရုပြုပါ။
- အလုပ်ခွင်မှာ လိုအပ်ရင် ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါ။
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်ပါ။
- အာဟာရပြည့်ဝမျှတအောင် စားသုံးပါ။
- နာတာရှည် ကျန်းမာရေးပြဿနာရှိရင် သေချာ ဂရုစိုက်ပါ။
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ။
- အချိုလျှော့စားပါ။
- စိတ်ဖိစီးမှုလျှော့ချပါ။
Lotoshinn ရဲ့ စကားလက်ဆောင် အဆုတ်ကို ဆေးလိပ်ကမှ ထိခိုက်တာမဟုတ်ပါဘူး။ အိမ်တွေမှာ သုံးနေကြတဲ့ ခြင်နိုင်ဆေးတွေ၊ ကြွေချေးချွတ်ဆေးလိုမျိုး ဓာတုပစ္စည်း ပါဝင်နေတဲ့ အရာတွေ၊ အမွှေးတိုင်၊ အိမ်တွင်း ဖုန်မှုန့်တွေ၊ တဆင့်ခံဆေးလိပ်ငွေ့တွေကလည်း ထိခိုက်စေနိုင်သလို အထိုင်များတာ၊ ကိုယ်အလေးချိန် အရမ်းများနေတာတွေကလည်း အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်တာမျိုး ကျန်းမာတဲ့ နေ့စဉ်ဘဝနေထိုင်မှုကို ဖန်တီးရင်း အဆုတ်ကျန်းမာရေးကို သေချာလေး ဂရုစိုက်ကြဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!