Biotin ဆံသားကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးလဲ!
Biotin ဆိုတာက ဗီတာမင် B အုပ်စုဝင် တစ်မျိုးဖြစ်ပြီး တိတိကျကျ ပြောရရင် ဗီတာမင် B7ပါ။ ဆံပင်သန်စေဖို့နဲ့ ဆံသားကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဆံသားအတွက် လိုအပ်တဲ့ အာဟာရတွေ ထွက်ရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆံသားကျန်းမာချင်တယ်။ ဆံပင်သန်ချင်တယ်ဆိုရင် Biotin ပြည့်ပြည့်ဝဝ ရရှိဖို့ လိုပါမယ်။Biotin နည်းရင် ဆံပင်ကျွတ်မှာလား!
Biotin က ဆံသား ကျန်းမာစေသလို ခန္ဓာကိုယ်မှာ Biotin နည်းနေမယ်ဆိုရင် ဆံပင်ကျွတ်တာ၊ ဆံပင်အထွက်နှေးတာ အရှည်ကြာတာတွေကို ခံစားရနိုင်ပါတယ်။ Biotin ကို ဆံသားတိုက်ရိုက် အသုံးပြုပေးလို့ ရသလို နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေမှာ ထည့်သွင်းစားသုံးပေးလို့လည်း ရပါတယ်။ Biotin က ဆံသားကို ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကစီဓာတ်၊ ပရိုတင်းနဲ့ အဆီဓာတ်တွေက အာဟာရဓာတ်တွေ စုပ်ယူရရှိစေဖို့လည်း ထောက်ကူပေးပါတယ်။ဆံပင်သန်စေတဲ့ Biotin ဘယ်အစားအသောက်တွေကနေ ရနိုင်မလဲ!
ဆံသားကျန်းမာစေဖို့ဆိုရင် တစ်နေ့တာကို Biotin 30 micrograms ကနေ 100 microgram လောက်အထိ စားသုံးမိဖို့ လိုပါမယ်။ နေ့စဉ်တိုင်းမှာ ဆံသားကျန်းမာစေဖို့ ထောက်ကူပေးတဲ့ Biotin ကို ပြည့်ပြည့်ဝဝ ရရှိစေဖို့ စားသုံးပေးသင့် တာလေးတွေကတော့ -- ဥအမျိုးမျိုး
- အခွံမာသီးနဲ့ အစေ့အဆန်များ
- ဆယ်လ်မွန်ငါး
- ကန်စွန်းဥ
- ထောပတ်သီး
Lotoshin ရဲ့ စကားလက်ဆောင် ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်စေဖို့ဆိုရင် နေ့စဉ်စားသုံးမှုကို အာဟာရပြည့်ဝမျှတအောင် စားသုံးတာအပြင် ရေဝဝသောက်တာ၊ ခေါင်းကို ပုံမှန်လေး လျှော်တာ၊ ဆံပင်ကို ဆီလိမ်းတာ၊ အိပ်ရေးဝဝအိပ်တာ၊ ပုံမှန်ခေါင်းဖြီးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ဦးရေပြားကို နှိပ်နယ်တာတွေ လုပ်ပေးရင်း ဆံသားကျန်းမာရေးကို ထိန်းသိမ်းလို့ ရပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!