ဇက်ချိုးရင် အကြောပြေမှာလား
အထွေထွေ

ဇက်ချိုးရင် အကြောပြေမှာလား

Admin

📅
ဇက်ကြောတွေ တက်လာရင်ဖြစ်ဖြစ် ဇက်ထဲက ညောင်းသလိုလို ဖြစ်လာရင်ဖြစ်ဖြစ် အကြောပြေအောင်ဆိုပြီး ဇက်ကို အသံမြည်အောင် ချိုးတတ်ကြတာ တော်တော်များများမှာ တွေ့ရပါတယ်။ တကယ်ပဲ ဒီလို ဇက်ချိုးတာက အကြောပြေစေသလားဆိုတာကို မသိပေမယ့် ရေရှည်မှာ ထိခိုက်မှုတွေ ရှိလာစေနိုင်တယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်။ ဇက်ကြောတွေ ညောင်းလို့ ဖြစ်ဖြစ်၊ ဇက်ကြောတက်လို့ ဖြစ်ဖြစ် ဇက်ကို ဖြောင်းခနဲ မြည်အောင် ချိုးလိုက်တဲ့အခါ စိတ်ထဲမှာ သက်သာသွားသလို ရှိပေမယ့် အမြဲလိုလို လုပ်မယ်ဆိုရင်တော့ ဇက်ကြောတဝိုက်က အရွတ်လေးတွေကို ထိခိုက်တာ အရိုးအဆစ်တွေကို ထိခိုက်တာမျိုး ဖြစ်စေနိုင်သလို နောက်ပိုင်းမှာ ဒီလိုမှာ အသံမြည်အောင် မချိုးရရင် ဇက်ကြော မပြေသလို ခံစားရနိုင်တဲ့ စိတ်ရောဂါ အခြေအနေကိုလည်း ခံစားရနိုင်ပါတယ်။ နောက်ပြီး ဇက်ကြောပြေအောင် ဆိုပြီး ဇက်ချိုးတာက ဇက်တဝိုက်ကအဆစ်မှာရှိတဲ့ အရွတ်တွဲတွေကို အနေအထား ပြောင်းသွားတာမျိုး ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ အဆစ်နာတာကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခု ရှိတာက လည်ပင်းတဝိုက်နဲ့ ဇက်ကြောအနီးမှာ သွေးကြောမကြီးတွေ ရှိနေပြီး ဇက်ကို ချိုးလွန်းတဲ့အခါ သွေးကြောတွေမှာ ထိခိုက်မှုတွေ ဖြစ်စေလာနိုင်ပါတယ်။ ဒီလိုနဲ့ ပြင်းထန်လာမယ်ဆိုရင်တော့ သွေးကြောတွေကို ထိခိုက်တာ၊ သွေးကြောတွေ ပေါက်ပြဲတာ၊ သွေးကြောတွေထဲမှာ သွေးခဲလေးတွေ ပိတ်ဆို့ပြီး ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတား ဖြစ်စေတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဇက်ကြောတက်ရင် အကြောပြေအောင် ဇက်ချိုးတာက တစ်ခါတလေမှာ ကောင်းပေမယ့် အမြဲလိုလိုကျ အဆင်မပြေပါဘူး။ ဇက်ကြောတက်ရင် ဘယ်လို သက်သာအောင် လုပ်မလဲ ဇက်ကြောတက်တာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင် ကြည့်ရှု့လိုက်ပါ။ ဇက်ကြောတက်တာကို သက်သာစေဖို့ လိုက်နာရမယ့် အချက်တွေကတော့
  • အကိုက်အခဲ ပျောက်ဆေး တစ်ခုခု သောက်ပါ - ဇက်ကြောတက်တာကို သက်သာစေဖို့အတွက် လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်း တစ်ခုကတော့ အကိုက်အခဲ ပျောက်ဆေး သောက်တာပါ။ ဒီလို ဆေးသောက်တဲ့အခါ ဆေးကို ပမာဏ မှန်မှန် အချိန် အတိအကျနဲ့ သောက်ပေးဖို့ မမေ့ပါနဲ့။
  • ပါးပါးပျော့ပျော့ ခေါင်းအုံးလေးနဲ့ အိပ်ပါ - ဇက်ကြောတက်တဲ့အခါ ချည်သား ခေါင်းအုံး ပါးပါး ပျော့ပျော့လေးနဲ့ အိပ်ပေးတာက ခေါင်းကိုက်တာကို သက်သာစေမယ့် နည်းလမ်း ကောင်းပါ။ ဒီလို လုပ်ပေးတာက ဇက်ကြောတွေဆီကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးမှာပါ။
  • ရေနွေးဝတ် ကပ်ပါ - ဇက်ကြောတဝိုက်က ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းတာကြောင့်လည်း ဇက်ကြော တက်နိုင်ပါတယ်။ ဒါကို သက်သာစေဖို့ဆိုရင် ရေနွေးအိတ် ကပ်ပေးတာ၊ ရေနွေးဝတ် ကပ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
  • ရေခဲဝတ် ကပ်ပါ - ဇက်ကြောတက်တာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်း တစ်ခုကတော့ ရေခဲဝတ် ကပ်ပေးတာပါ ညောင်းညာနေတဲ့ ဇက်ကြောတဝိုက်ကို တဘက်စသန့်သန့်လေးနဲ့ ထုတ်ထားတဲ့ ရေခဲလေးနဲ့ ကပ်ပေးပါ။ တစ်နေရာတည်းမှာ ကပ်ထားတာမျိုး မလုပ်ပါနဲ့။
  • ညင်ညင်သာသာ နှိပ်နယ်ပါ - လက်ချောင်းလေးတွေကို သုံးလို့ ဇက်ကြောတဝိုက်မှာ ညင်ညင်သာသာ နှိပ်နယ်ပေးတာက ဇက်ကြောတဝိုက်က ကြွက်သားတွေဆီကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပြီး ဇက်ကြောတက်တာကို သက်သာစေနိုင်ပါတယ်။
  • ဦးခေါင်း လေ့ကျင့်ခန်း လုပ်ပါ - ဦးခေါင်းလေ့ကျင့်ခန်း လုပ်ပေးတာက ဇက်ကြွက်သားတွေကို ဖြေလျှော့ပေးနိုင်တဲ့ နည်းလမ်းကောင်းပါ။ ဒါကြောင့် ဇက်ကြောတက်လာ

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!