ဉာဏ်ကောင်းဖို့ ဘာတွေစားကြမလဲ!
ဆေးဖက်ဝင်အပင်များ

ဉာဏ်ကောင်းဖို့ ဘာတွေစားကြမလဲ!

Admin

📅 16.07.2025

“ဉာဏ်ကောင်းစေဖို့ နေ့စဉ်စားသုံးမှုက အများကြီး သက်ရောက်မှု ရှိနေပါတယ်။” ဉာဏ်ကောင်းချင်တာက လူတော်တော်များများ တောင့်တတတ်တဲ့ အကြောင်းအရင်းပါပဲ။ ဒီလိုမျိုး ဉာဏ်ကောင်းချင်တယ်လို့ ဆန္ဒရှိတယ်ဆိုရင် ဘာတွေစားရမလဲ! ဆိုတာကိုရော သိပြီးပြီလား …. မသိသေးဘူးဆိုရင်တော့ ဉာဏ်ကောင်းအောင် ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  လေ့လာမှုတွေအရ သိရတာက တစ်နေ့တာရဲ့ စားသောက်မှုမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ၊ အမျှင်ဓာတ်တွေ ပါဝင်အောင် စားသုံးမယ်ဆိုရင်တော့ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်သလို ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဉာဏ်ကောင်းဖို့ ဘာတွေစားကြမလဲ!

ဉာဏ်ကောင်းစေဖို့ဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ အခုလို အစားအသောက်လေးတွေ ပါဝင်အောင် စားပေးဖို့ လိုပါမယ်။

  • သစ်သီးတွေ 

သစ်သီးတွေက ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ထိခိုက် ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဉာဏ်ကောင်းစေဖို့ ဘယ်ရီသီးတွေ ဖြစ်ကြတဲ့ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတွေ၊ ထောပတ်သီး၊ ဖရဲသီး၊ စပျစ်သီး စတာတွေကို စားပေးလို့ ရပါတယ်။

  • ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးသလို ဖောလိတ် ပါဝင်နေတာက အရောင်ကျစေနိုင်ပြီး ဦးနှောက်ဆီမှာ သွေးလည်ပတ်မှု ကောင်းစေနိုင်ပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ပဲအမျိုးမျိုး

ပရိုတင်းပါဝင်တဲ့ ပဲအမျိုးမျိုးက ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ဗီတာမင် B ပါဝင်နေတာကလည်း ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  https://lotoshinnlifestyle.com/sesbania-cannabina-health-benefits/

  • နှံစားသီးနှံတွေ

ထမင်း အပါအဝင် နှံစားသီးနှံတွေက ကစီဓာတ် ပါဝင်နေသလို ဗီတာမင် B ပါဝင်နေတာကလည်း မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ပင်လယ်စာတွေ

အဆီများတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်၊ ထရောက်ငါး၊ မက်ကာရယ်၊ တူနာတို့လိုမျိုး ပင်လယ်ငါးတွေနဲ့ ကမာ၊ ပုစွန်လိုမျိုး ပင်လယ်စာတွေမှာ Omega-3 fatty acid နဲ့ ဗီတာမင် B12 တို့ ကြွယ်ဝစွာ ပါဝင်နေတာက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • အခွံမာသီးတွေ

သစ်ကြားသီး၊ မက်ကာဒေးမီးယားလိုမျိုး အခွံမာသီးတွေ ကောင်းကျိုးပြု အဆီတွေ ပါဝင်နေတာကြောင့် သွေးကြောတွေကို ကျန်းမာစေသလို ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • အစေ့အဆန်တွေ

ဗာဒံစေ့တွေ၊ နှမ်းစေ့တွေက ဇင့်၊ ဗီတာမင် B6 နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာက ဦးနှောက်ကျန်းမာစေပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • ကော်ဖီ၊ လက်ဖက်ရည်

ကော်ဖီ၊ လက်ဖက်ရည်တို့မှာပါဝင်နေတဲ့ ကဖင်းက အတန်အသင့် ပမာဏ သောက်သုံးပေးမယ်ဆိုရင် စိတ်ကြည်လင် လန်းဆန်းစေပြီး ဦးနှောက်ကျန်းမာစေဖို့နဲ့ မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  နေ့စဉ် စားသုံးမှုမှာ အခုပြောခဲ့တာလေးတွေကို ပါဝင်အောင် စားသုံးပေးတာက မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ 

Lotoshinn ရဲ့ စကားလက်ဆောင် ဉာဏ်ကောင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေ၊ ငါး၊ အကျိုးပြု အဆီတွေနဲ့ ဆေးဖက်ဝင်အပင်တွေကို ပါဝင်အောင် စားသုံးပေးတာမျိုး လုပ်ပေးဖို့ လိုပါမယ်။ ဒီအချက်အပြင် အိပ်ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန် လုပ်ပေးတာမျိုး လုပ်ပေးဖို့ လိုပါမယ်။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!