ဉာဏ်ပင် ဉာဏ်ကောင်းစေသလား!
ဆေးဖက်ဝင်အပင်များ

ဉာဏ်ပင် ဉာဏ်ကောင်းစေသလား!

Admin

📅 15.07.2025
ဉာဏ်ပွင့်နဲ့ဉာဏ်ရွက်က အခုလို ဆေးဖက်ဝင်ပါတယ်။ အသက်ရှူလမ်းကြောင်းကျန်းမာစေတယ် အစာအိမ်အးလမ်းကြောင်းကျန်းမာစေတယ် အရေပြားကျန်းမာစေတယ် အဖျားသက်သာစေတယ် ရာသီလာချိန်နာကျင်ကိုက်ခဲတာကို သက်သာစေတယ် မျိုးအောင်စေနိုင်တယ် သွေးတွင်းသကြားဓာတ်ထိန်းပေးတယ် အမြင်အာရုံကောင်းစေတယ် ဆီးရွှင်စေတယ် ဆံပင်ပေါက်စေတယ်
ဉာဏ်ပွင့်ကို သုပ်စားလို့ရသလို ဉာဏ်ရွက်ကိုလည်း သုပ်စား တို့စားကြတာမျိုးတွေ ရှိပါတယ်။ ဒီလို အမျိုးမျိုး စားသုံးကြတဲ့ ဉာဏ်ပင်ကိုစားရင် ဉာဏ်ကောင်းစေမလားဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးလိုက်ပါတယ်။

ဉာဏ်ပင် ဆိုတာ

ဉာဏ်ပင်ဆိုတာက အရွက် စိမ်းစိမ်း၊ ရွက်ဆိုင်ထွက်တဲ့ အရွက်တွေနဲ့ အပွင့်ဝါဝါလေးတွေ ပွင့်တတ်တဲ့ အပင်တစ်မျိုးပါ။ အာရှဒေသတွေဖြစ်ကြတဲ့ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ ပေါက်ရောက် ကြပါတယ်။ အာရှအစားအသောက်တွေထဲမှာလည်း ထည့်သွင်းပြင်ဆင် စားသုံးလေ့ရှိကြပါတယ်။  အလေ့ကျပေါက်ပင် တစ်မျိုးဖြစ်ပြီး စပါးခင်းတွေထဲမှာလည်း စပါးရိတ်ပြီးချိန်တွေမှာ အလေ့အတိုင်း ပေါက်တတ်ပါတယ်။ ရှေးယခင်ကာလတွေကတည်းက ဉာဏ်ပင်၊ ဉာဏ်ပွင့်စတာတွေကို ပိုးသတ်ဖို့၊ အရေပြား ကျန်းမာစေဖို့၊ သွေးတွင်းသကြားဓာတ်ထိန်းနိုင်စေဖို့၊ အကိုက်အခဲသက်သာပြီး အရောင်ကျစေဖို့ အသုံးပြုကြပါတယ်။  https://lotoshinnlifestyle.com/jambolan-benefits/

ဉာဏ်ပင် ဉာဏ်ကောင်းစေသလား!

ဉာဏ်ပင် ဉာဏ်ကောင်းစေသလား! ဆိုတော့ ဉာဏ်ပင်က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင် ပါတယ်။ 
  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
ဉာဏ်ရွက်၊ ဉာဏ်ပွင့်တွေကို ချောင်းဆိုးတာ၊ လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကြပ်တို့ကို သက်သာစေဖို့နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
  • အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
အစားစားချင်စိတ် ဖြစ်စေပြီး အစာကြေစေဖို့ထောက်ကူပေးသလို ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းကိုက်တာတွေကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • အရေပြား ကျန်းမာစေတယ်
အရေပြားပေါ်က အနာတွေ၊ နှင်းခူနဲ့ အရေပြားပေါ်က အနာတွေ၊ မွေးကျွတ်နာလိုမျိုး အနာတွေကို သက်သာစေဖို့ အရေပြားရောင်ရမ်းတာတွေကို သက်သာစေဖို့ ဉာဏ်ပွင့်ဉာဏ်ရွက်တွေကို အသုံးပြုပေးလို့ ရပါတယ်။
  • အဖျားသက်သာစေနိုင်တယ်
အဖျားသက်သာစေဖို့နဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ဖို့အတွက် ဉာဏ်ပွင့်ဉာဏ်ရွက်တွေကို စားလို့ ရပါတယ်။ 
  • ရာသီလာချိန်နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
ဉာဏ်ပွင့်နဲ့ ဉာဏ်ရွက်တွေက အမျိုးသမီးတွေမှာ ခံစားရတဲ့ ရာသီလာချိန်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင် ပါတယ်။ 
  • မျိုးအောင်နိုင်စွမ်းတိုးစေတယ်
အမျိုးသားတွေအနေနဲ့ ဉာဏ်ပွင့်ဉာဏ်ရွက်တွေကို စားပေးမယ်ဆိုရင် ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးတိုးစေနိုင် ပါတယ်။ 
  • သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်
ဉာဏ်ပွင့်က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးသလို ဆီးချိုဖြစ်နိုင်ခြေကိုလည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ 
  • အမြင်အာရုံ ကောင်းစေတယ်
ဉာဏ်ပွင့်၊ ဉာဏ်ရွက်တွေကို ပုံမှန်စားပေးတာက အမြင်အာရုံ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
  • ဆီးရွှင်စေတယ်
ဆီးရွှင်စေဖို့ဆိုရင် ဉာဏ်ပွင့်ကို စားပေးတာ ဉာဏ်ရွက်ကို စားပေးတာမျိုးတွေကို လုပ်ပေးလို့ ရပါတယ်။
  • ဆံပင်ပေါက်စေတယ်
ဆံပင်ပေါက်စေဖို့၊ ဆံပင်ကျွတ်တာကို သက်သာစေဖို့ ဉာဏ်ပွင့်၊ ဉာဏ်ရွက်တွေကို အသုံးပြုပေးလို့ ရပါတယ်။ 

ဒီအချက်လေးတွေ သတိထားပေးပါ

ဉာဏ်ပွင့်နဲ့ ဉာဏ်ရွက်တို့က သင့်တင့်ရုံစားရင် ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် အများကြီး စားမယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကျတာ၊ လေချုပ်တာ၊သွေးကျဲတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ဉာဏ်ပွင့်နဲ့ ဉာဏ်ရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မေမေတွေ၊ ဆီးချိုရှိသူတွေ၊ ခွဲစိတ်ခံမယ့်လူနာတွေအနေနဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။ သိပ္ပံနည်းကျ ထပ်မံလေ့လာဖို့ လိုသေးတဲ့အပြင် ဓာတုဗေဒနည်းအရ သန့်စင်ထားတာ မဟုတ်ရင်  ခန္ဓာကိုယ်ကို ဘေးဖြစ်စေနိုင်တာကြောင့်ပါ။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!