ကြက်မျက်သင့်တယ်ဆိုတာ ဘာလဲ!
ကြက်မျက်သင့်တယ်ဆိုတာက အမြင်အာရုံဆိုင်ရာ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ မှောင်တဲ့ နေရာတွေနဲ့ ညဘက် အမှောင်ထုထဲမှာ အရာဝတ္ထုတွေနဲ့ လူတွေ၊ သက်ရှိတွေကို သဲသဲကွဲကွဲ မမြင်ရတာမျိုးပါ။ ရုတ်တရက် အလင်းအမှောင် ပြောင်းလဲသွားချိန်မှာလည်း ပုံရိပ်တွေ ဝေဝါးသွားတာမျိုးတွေ ရှိနိုင်ပါတယ်။ အခြေအနေ တော်တော်များများမှာ တွေ့ရတာက ဒီလို ဖြစ်ရတာဟာ မျက်စိရဲ့ အစိတ်အပိုင်း တစ်ခုမက ထိခို်ကနေတာကြောင့် ဖြစ်ရတာဖြစ်ပြီး များသောအားဖြင့်ကတော့ ကုသလို့ ရတယ်ဆိုတာပါ။ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ!
အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကြက်မျက်သင့်နေတာပါ။- အလင်းရောင်အားနည်းနေပြီဆိုရင် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတာ
- မျက်လုံးက အလင်းကို မခံနိုင်တာ
- ခပ်ဝါးဝါးပဲ မြင်ရတာ၊ မသဲမကွဲ မြင်ရတာ
- အလင်းအားနည်းနေရင် အဝေးက ပစ္စည်းတွေကို သေသေချာချာ မမြင်ရတာ
- ကောင်းကင်က ကြယ်တွေကို မမြင်ရတာ
- အမှောင်ခန်းထဲ ဝင်သွားရင် ဘာမှကို မမြင်ရတာမျိုး (ပုံမှန်ကတော့ မိနစ်ပိုင်းလောက် ကြာပြီးရင် မြင်ရတာမျိုးပါ)
- မျက်နှာတွေ၊ အရာဝတ္ထုတွေကို အမှောင်ထဲမှာ သဲသဲကွဲကွဲ မမြင်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ညဘက်တွေမှာ ကြက်တွေငှက်တွေကို ကိုင်ရင် ကြက်မျက်သင့်မလား!
ကြက်မျက်သင့်တာက ညဘက်မှာ ကြက်တွေငှက်တွေကို ကိုင်တာကြောင့် မဟုတ်ပါဘူး။ အခုလို အခြေအနေတွေကြောင့်ပါ။- ဗီတာမင် A ချို့တဲ့တာ
- အတွင်းတိမ်ဖြစ်နေတာ
- ရေတိမ်ဖြစ်နေတာ
- မျက်ကြည်လွှာ ထိခိုက်တာ
- ဆီးချိုကြောင့် မျက်လုံးအတွင်းရှိ မှန်ဘီလူး ထိခိုက်ပျက်စီးတာ
- မျက်ကြည်လွှာ ထိခိုက်တာ
- အဝေးမှုန်တာ
Lotoshinn ရဲ့ စကားလက်ဆောင် မျက်စိဆိုတာက စိတ်ရဲ့ တံခါးပေါက်လို့ဆိုကြသလို သဘာဝတရားရဲ့ လှပမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ မြတ်နိုးတဲ့အရာတွေကို မြင်ခွင့်ရစေတဲ့ အစိတ်အပိုင်းလေး ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တကယ်လို့ အမြင်အာရုံမှာ ပြဿနာရှိနေတာမျိုး ရှိမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!