သွေးတိုးဆိုတာ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာလား!
သွေးတိုးတယ်ဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး သေချာဂရုစိုက်တာမျိုး မရှိဘူးဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးတိုးတာက နာတာရှည်ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေနဲ့ ရောဂါတွေ ဖြစ်မလာစေဖို့ဆိုရင် နေ့စဉ်ဘဝရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ သွေးတိုးတာက သေချာလေး ဂရုမစိုက်ဘူးဆိုရင် နောက်ပိုင်းမှာ နှလုံး၊ ကျောက်ကပ်တို့လိုမျိုး အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ဒီအပြုအမူလေးတွေက သွေးတိုးစေနိုင်သတဲ့ ……
နေ့စဉ်တိုင်းမှာ လုပ်ဆောင်မိနေတဲ့ အချို့သော အလေ့အထလေးတွေက သွေးတိုးစေနိုင်ပါတယ်နော်။ ဘယ်လို အလေ့အထလေးတွေလည်းဆိုတော့ -- သကြားအစားများတာ
- အိပ်ဟောက်အသက်ရှူရပ် ပြဿနာခံစားနေရတာ
- စိတ်ကျရောဂါ သက်သာစေတဲ့ ဆေးတွေ သောက်သုံးနေရတာ
- စကားများများ ပြောတာ
- ရေလုံလုံလောက်လောက် မသောက်တာ
- နှာစေးနှာပိတ် သက်သာစေတဲ့ဆေးတွေ သောက်တာ
- ကိုယ်တွင်းမှာ ပိုတက်ဆီယမ် နည်းတာ
- ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရတာ
- အထိုင်များတာ
- အိပ်ရေးပျက်တာ များတာ
- စိတ်ဖိစီးမှု များတာ
Lotoshinn ရဲ့ စကားလက်ဆောင် သွေးတိုးရောဂါဆိုတာက ဂရုမစိုက်မိရင် အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်ပေမယ့် သေချာလေး ဂရုစိုက်မယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်ခြေကို လျှော့ချနိုင်မယ့်အပြင် ကျန်းမာတဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်တဲ့ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် နေ့စဉ်တိုင်းမှာ အသီးအနှံတွေ များများစားတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ရေလုံလောက်အောင် သောက်တာ၊ အိပ်ရေးဝဝအိပ်တာလိုမျိုး ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အလေ့အကျင့်ကောင်းလေးတွေကို မွေးမြူကြဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!