နေထိုင်ရာ နေရာဒေသကို လိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်လား!
အထွေထွေ

နေထိုင်ရာ နေရာဒေသကို လိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်လား!

Admin

📅 12.09.2025
လူအပါအဝင် သက်ရှိတိုင်း ကျန်းမာစေဖို့အတွက် ရေဓာတ်လုံလောက်စွာ ရရှိဖို့ လိုပါမယ်။ နေ့စဉ်တိုင်းမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစွာ ရရှိစေဖို့အတွက် ရေလုံလောက်အောင် သောက်ဖို့ လိုပါမယ်။   ဒီတစ်ခေါက်မှာ ပြောပြချင်တာကတော့ လူတိုင်းမှာ ရေလုံလောက်အောင် သောက်ဖို့ လိုတယ်ဆိုပေမယ့် နေထိုင်ရာ နေရာဒေသကို လိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်လား! ဆိုတာကိုပါ။ 

နေထိုင်ရာ နေရာဒေသကို လိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်လား!

လေ့လာမှုတွေအရ သိရတာက ရေဓာတ်လိုအပ်ချက်က လူတစ်ဦးနဲ့ တစ်ဦးရဲ့ အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ခန္ဓာကိုယ် အရွယ်အစား၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ နေထိုင်ရာ အရပ်ဒေသရဲ့ ရာသီဥတု အခြေအပေါ်ကို လိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်တယ် ဆိုတာပါ။ နေထိုင်ရာနေရာဒေသရဲ့ အပူချိန်၊ ရာသီဥတု အနေအထား၊ နေရောင်အောက်မှာ အလုပ်လုပ်ရတာမျိုးဆိုရင်တော့ ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်ပါတယ်။ ရာသီဥတုက ပူနေမယ်။ စိုထိုင်းဆများနေမယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအောက်မှာ နေထိုင်မယ်ဆိုရင် ချွေးထွက်များပြီး ကိုယ်တွင်းရေဓာတ် ဆုံးရှုံးနိုင်ခြေလည်း ပိုများပါ တယ်။  နောက်တစ်ချက်ကတော့ နေထိုင်ရာဒေသက အမြင့်ပိုင်းဒေသဖြစ်မယ်ဆိုရင်လည်း နေရောင်နဲ့ ပိုပြီး နီးကပ်စွာ ထိတွေ့မှုကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးနိုင်ခြေက မြေပြန့်ဒေသကသူတွေထက် ပိုများနိုင်ပြီး ရေများများ သောက်ဖို့ လိုပါမယ်။  နေရောင်အောက်မှာ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်တွေကို လုပ်နေတာမျိုး၊ ကိုယ်လက်လှုပ်ရှားမှုတွေကို ပင်ပင်ပန်းပန်း လုပ်ရတာမျိုး ဖြစ်မယ်ဆိုရင်လည်း ကိုယ်တွင်းရေဓာတ် ဆုံးရှုံးမှု များတာကြောင့် ရေကို ပုံမှန်ထက် သောက်ဖို့ လိုမှာပါ။  နောက်သတိထားရမယ့် အချက်တစ်ခုက မြေပြန့်မှာပဲနေနေ တောင်ပေါ်ဒေသမှာပဲနေနေ အေးတဲ့လတွေထက် ပူအိုက်တဲ့ နွေရက်တွေမှာ ရေဓာတ်ကို ပိုမို လိုအပ်နိုင်တာကြောင့် ရေကို ပုံမှန်ထက် ပိုသောက်ဖို့ လိုပါမယ်။  ရာသီဥတုနဲ့ နေထိုင်ရာဒေသကတင် ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်အပေါ်မှာ သက်ရောက်နေတာမဟုတ်ဘဲ အချို့သော အချက်လေးတွေကလည်း သက်ရောက်မှု ရှိနေပါသေးတယ်။ ဘယ်လို အချက်လေးတွေလည်း ဆိုတော့ - 
  • ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်နေတယ်ဆိုရင်
နေ့စဉ်တိုင်းမှာ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဖြစ်တာမျိုး ဆိုရင်လည်း ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးနိုင်ခြေ များတာကြောင့် ရေကို လုံလောက်အောင် ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါမယ်။
  • ကျန်းမာရေးအခြေအနေ
ကျန်းမာရေးအခြေအနေပေါ်မှာ လိုက်ပြီးတော့လည်း ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်ပါတယ်။ အဖျား ရှိနေမယ်။ အော့အန်မယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်မယ် ဆိုရင်တော့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှု များတာ ကြောင့် ရေဓာတ်ပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက် ရေကို လုံလောက်အောင် သောက်ဖို့ လိုပါမယ်။ 
  • ကိုယ်ဝန်ဆောင်နေရမယ်။ နို့တိုက်နေရမယ်။
ကိုယ်ဝန်ဆောင်မေမေဖြစ်မယ်ဆိုရင်ဖြစ်ဖြစ် မိခင်နို့တိုက်နေရမယ်ဆိုရင်ဖြစ်ဖြစ် ရေဓာတ်က ပုံမှန်ထက် လိုအပ်နေနိုင်တာကြောင့် ရေကို လုံလောက်အောင် သောက်ဖို့ လိုပါမယ်။ 
Lotoshinn ရဲ့ စကားလက်ဆောင် နေရာဒေသကိုလိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်တာကြောင့် ရေကိုလုံလောက်အောင် သောက်သုံးဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝဖို့က ရေကိုပဲ သောက်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ရေအပြင် အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးတာအပြင်၊ ဓာတ်ဆားဖြည့်သောက်စရာလေးတွေကို သောက်ပေးလို့ ရပါတယ်။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!