နှင်းဆီပန်းကပေးတဲ့ ကျန်းမာရေး အာနိသင် (၉) ခု
ဆေးဖက်ဝင်အပင်များ

နှင်းဆီပန်းကပေးတဲ့ ကျန်းမာရေး အာနိသင် (၉) ခု

Admin

📅
နှင်းဆီပန်းက ကျန်းမာရေးကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ တွေးမိဖူးရဲ့လား။ လူအများစုကတော့ ရနံ့သင်းသင်း ဆူးပြင်းပြင်းနဲ့ ဒီပန်းလေးကို အလှတရားတစ်ခုအနေနဲ့ပဲ သိမှတ်ထားကြတာများပါတယ်။ မျိုးစိတ်ပေါင်း ၁၀၀ ကျော်တောင်ရှိတဲ့ နှင်းဆီပန်းတွေဟာ သဘာဝ ပန်းပင်တစ်မျိုးဖြစ်တဲ့အလျောက် လူတွေရဲ့ ကျန်းမာနုပျိုမှုအပေါ် သက်ရောက်စေတဲ့ အာနိသင်တွေ အများကြီးပါဝင်နေတာပါ။ ဟိုရှေးယခင်ကာလတွေကတည်းက နှင်းဆီပန်းရဲ့ အဆီအနှစ်တွေက ကိုယ်ခန္ဓါ၊ စိတ်နဲ့အရေပြားတို့အတွက်ကောင်းကျိုးပြုတယ်ဆိုတဲ့ ယူဆချက်မျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒီကနေ့ခေတ်သိပ္ပံနည်းကျလေ့လာမှုတွေအရလည်း ဒီအချက်တွေဟာ မှန်ကန်မှုရှိနေတာကို သိနိုင်လာပြီဖြစ်ပါတယ်။ ဒီလိုမျိုး လှပတင့်တယ်လှတဲ့ နှင်းဆီပန်းလေးတွေရဲ့ ကျန်းမာရေး အကျိုးအာနိသင်လေးတွေကတော့ … ?ကိုယ်အလေးချိန် လျော့ကျစေတာ - နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ် လက်တစ်ဆုပ်စာလောက်ကို စားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်း ကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့် နည်းလမ်းတစ်ရပ်ပါ။ ?လိင်စိတ်ကို နှိုးဆွပေးနိုင်တာ - နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ် ဖြစ်ရုံသာမက သဘာဝ ကာမအားတိုးဆေးတစ်ရပ်လည်း ဖြစ်ပါတယ်။ နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင် လှုံ့ဆော်ရာမှာတော်တော်လေး ထိရောက်တယ်လို့ အဆိုရှိပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မှန်အောင် ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့ အာရုံကြောစနစ်တွေကို ကောင်းမွန်စေပါတယ်။ ?စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျမှုတွေကို ပြေလျော့စေတာ - ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတွေကြောင့် ဖြစ်တတ်တဲ့ အိပ်မပျော်ခြင်းတွေ၊ စိတ်ဂနာမငြိမ်ခြင်းတွေနဲ့ စိတ်ဆိုးဒေါသထွက်လွယ်ခြင်းတွေအတွက် နှင်းဆီပွင့်ချပ်လေးတွေက သဘာဝ ဖြေဆေးပါပဲ။ နောက်ပြီး နှင်းဆီပန်းဟာ စိတ်ဖိစီးမှုကြောင့် အမျိုးသမီးတွေမှာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေခြင်းကိုလည်း တားဆီးပေးနိုင်ပါသေးတယ်လို့ Paraíba-Caixa တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ?လိပ်ခေါင်းရောဂါ သက်သာစေနိုင်တာ - နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓါတ်နဲ့ရေဓါတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်းလျော့ပါးစေပါတယ်။ ?ဝက်ခြံသက်သာစေနိုင်တာ - ဝက်ခြံတွေအများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။ Rosewater ကိုလည်း ဝက်ခြံပျောက်အောင်အသုံးပြုနိုင်ပါတယ်။ အစိုဓါတ်ကိုထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာပါတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။ ပိုးမွှားတွေကိုသေစေနိုင်တဲ့ Phenyl Ethanol ပါရှိမှုကြောင့် Rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက်နှိမ်နှင်းပေးနိုင်ပါတယ်။ ?နှုတ်ခမ်းသား အရောင်စိုပြေစေတာ - နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။ ?နှလုံးရောဂါနဲ့ HIV ရောဂါတွေကို ထိမ်းချုပ်ပေးနိုင်တာ - နှင်းဆီပန်းမှာပါတဲ့ Cyanidin-3-O-β-glucoside လို့ခေါ်တဲ့ ဒြပ်ပေါင်းအသစ်တစ်မျိုးက နှလုံးစွမ်းဆောင်ရည်ကို ကောင်းမွန်စေပါတယ်။ အခြားဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Kaempferol ဒြပ်ပေါင်းက HIV ရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ ?ကူးစက်ရောဂါတွေကို ကုသပေးနိုင်တာ - နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကို လျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။ ?ဝမ်းချုပ်ရောဂါ သက်သာစေတာ - နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလို သွေးကိုလည်းသန့်စေပါတယ်။ ဒါ့အပြင် ရေကျောက်နဲ့ ဝက်သက်ရောဂါတွေ ကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ ခုပြောပြပေးခဲ့တာလေးတွေကတော့ နှင်းဆီပန်းရဲ့ ကျန်းမာရေး အကျိုးပြုမှု အချက်လေးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် မှာချင်တာလေးတွေရှိပါသေးတယ်။ ဒါကတော့ ⚠နှင်းဆီပန်း ရေနွေးကြမ်းဟာ နှင်းဆီပန်းရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမသောက်သင့်လျော်တဲ့အရာဖြစ်တယ်ဆိုတာနဲ့ ⚠ဆီးချို (သို့) သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး … ဆိုတာပါပဲ။ ဒီအချက်လေးတွေကိုတော့ သတိထားပေးဖို့ လိုအပ်ပါမယ်နော်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!