ပူကပူ ချွေးကထွက်နဲ့ဆိုတော့ ဒီနွေကြောင့် သင်ဝိတ်ကျနိုင်သလား
အထွေထွေ

ပူကပူ ချွေးကထွက်နဲ့ဆိုတော့ ဒီနွေကြောင့် သင်ဝိတ်ကျနိုင်သလား

Admin

📅
ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းတွေ လုပ်လို့ ချွေးထွက်လာခြင်းက ကိုယ်တွင်းက ကယ်လ်လိုရီလောင်ကျွမ်းမှုနဲ့ တိုက်ရိုက် အချိုးကျနေတယ်လို့ ဆိုကြတယ်။ ဒီလိုဆို အခုလို မဟားဒယားတွေ ပူပြင်းလွန်းနေတဲ့ နွေရာသီမျိုးမှာ ခန္ဓာကိုယ်က ထွက်လာတဲ့ ချွေးထွက်တာကရော ကယ်လ်လိုရီလောင်ကျွမ်းစေဖို့ အထောက်အကူဖြစ်စေမှာလား … စိတ်ဝင်စားစရာကိစ္စလေးပဲနော် … အပျင်းထူဖို့ တွေးနေတဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။ ရာသီဥတု အပူဒဏ်က ခန္ဓာကိုယ်မှာ ချွေးထွက်စေတာ မှန်ပေမယ့် ဝိတ်တော့ မကျစေနိုင်ပါဘူး။ နွေပူလွန်းချိန်မှာ ခဏတဖြုတ် ဝိတ်ကျသွားတာမျိုး ရှိပေမယ့် ရေရှည်မှကိ ထူးခြားသိသာတာမျိုး မရှိပါဘူး။ နွေပူချိန်မှာ ရေများများသောက်တာကြောင့် ရေဝိတ်တက်လာတာမျိုးတောင် ရှိနိုင်ပါတယ်။ နွေပူနေချိန်မှာ ချွေးထွက်များပေမယ့် ကယ်လ်လိုရီ လောင်ကျွမ်းတာမျိုး မရှိပါဘူး။ နွေအရမ်းပူတာက လေ့ကျင့်ခန်းလုပ်တာကိုတောင် အဟန့်အတားရှိစေနိုင်ပါတယ်။ ဒါကြောင့် နွေပူတာကြောင့် ချွေးထွက်တာ မှန်ပေမယ့် ဝိတ်ကျစေတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် နွေပူနေချိန်မှာ ဝိတ်ကျအောင် လုပ်လို့ ရတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။ ဒါတွေကတော့ ☀️ရေကူးပါ - နွေပူနေချိန်မှာ ရေကူးလေ့ကျင့်တာက အပူဒဏ်ကို သက်သာစေနိုင်သလို ခန္ဓာကိုယ်က အဆီပိုတွေ ကျစေဖို့ လုပ်ဆောင်ပေးရာ ရောက်ပါတယ်။ အခြားလေ့ကျင့်ခန်းတွေက နွေပူနေချိန်မှာ လုပ်ရင် ချွေးထွက် များစေနိုင်ပေမယ့် ရေကူးတာကတော့ ချွေးထွက်များတာမျိုးလည်း မဖြစ်စေဘဲ ကိုယ်အလေးချိန် ကျဆင်းစေနိုင်မှာပါ။ ☀️ရေများများသောက်ပါ - ရေများများသောက်တာက အပူဒဏ်ကြောင့် ကိုယ်တွင်းမှာ ရေဓာတ်နည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အဆီကျစေဖို့ရော ဝိတ်ကျစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ ရေသောက်ပါဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေ နဲ့ Detox water တွေကို သောက်တာက အကောင်းဆုံးပါ။ အချိုရည်၊၊ ကဖင်းပါတဲ့ သောက်စရာတွေကတော့ ဝိတ်တက်စေနိုင်လို့ ရှောင်ဖို့ လိုပါမယ်။ ☀️မနက်ခင်းတိုင်း လေ့ကျင့်ခန်း လုပ်ပါ - နွေပူနေချိန်မှာ လေ့ကျင့်ခန်း လုပ်တာက ကိုယ်တွင်းရေဓာတ်ကို ခမ်းစေတယ် ဆိုပေမယ့် မနက်ခင်းလိုမျိုး နေရောင်သိပ်မပြင်းခင်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ကိုယ်တွင်းက အဆီပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်မှာပါ။ ဒါကြောင့် နွေမနက်ခင်းတိုင်းမှာ ပုံမှန်လေး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ ☀️လမ်းလျှောက်ပါ -လမ်းလျှောက်တာက နွေရသီမှာရော အခြား ရာသီတွေမှာပါ လုပ်ဆောင်ပေးလို့ ရပါတယ်။ တစ်နေ့ကို ခြေလှမ်း ၃၀၀၀ လောက် ပုံမှန်လျှောက်ပေးတာက ကိုယ်တွင်းအဆီကျစေဖို့ရော ဝိတ်ကျစေဖို့ပါ ထောက်ကူပေးပါတယ်။ ☀️ကိုယ်အပူချိန် ကျစေမယ့် အစားအစာတွေကို စားပေးပါ - နွေပူနေချိန်မှာ အပူဒဏ်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ခန္ဓာကိုယ်ကို အေးမြစေဖို့ အားဖြည့်ပေးနိုင်တဲ့ ဖရဲသီး၊ သခွားမွှေး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ စတာတွေကို စားပေးဖို့ လိုပါမယ်။ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာပြီး နွေပူနေချိန်မှာ ဝိတ်ကျအောင် လုပ်ဆောင်လို့ ရပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!