ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ကျန်းမာစေဖို့ဆိုရင်တော့ …
ပူနွေးစိုစွတ်တဲ့ ရာသီဥတုအောက်မှာ ကျန်းမာစေဖို့ဆိုရင်တော့ … ဒီနည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။- ရေပြည့်ပြည့်ဝဝ သောက်ပါ
- အေးမြတဲ့နေရာမှာ နေပါ
- နားနားနေနေ နေပါ
- နေရောင်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှရှောင်ပါ
- ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ပါ
- အပူအစပ်လျော့စားပါ
- အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားပါ
- ဓာတ်ဆားဖြည့် သောက်စရာတွေကို သောက်ပါ
Lotoshinn ရဲ့ စကားလက်ဆောင် ပူနွေးစိုစွတ်တဲ့ရာသီဥတုက နွေရာသီလောက် ချွေးထွက်မများနိုင်လောက်ဘူးလို့ ယူဆစရာ ရှိပေမယ့် တကယ်ကတော့ ချွေးထွက်များပြီး ရေနဲ့ ဓာတ်ဆားဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒီအချက်ကို အမှုမဲ့ အမှတ်မဲ့ မနေဘဲ နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေတွေ မဖြစ်အောင် ရေကို ပြည့်ဝလုံလောက်စွာ သောက်ဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!