မတ်ပဲ ပရိုတင်းပဲ ကြွယ်ဝတာ မဟုတ်ပါဘူး
အထွေထွေ

မတ်ပဲ ပရိုတင်းပဲ ကြွယ်ဝတာ မဟုတ်ပါဘူး

Admin

📅 20.06.2024
အရည်သောက်လေး ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို ကြိုက်ကြလား! ဒါဆိုရင်တော့ မတ်ပဲက ဘယ်လိုကောင်းကျိုးလေးတွေ ပေးလဲဆိုတာကို သိထားရင် ပိုကောင်းတာပေါ့နော်။ ဒါကြောင့် အခုတစ်ခေါက်တော့ မတ်ပဲ ဘယ်လိုကောင်းကျိုးလေးတွေ ရှိလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

မတ်ပဲ ဆိုတာ ဘာလဲ!

မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပေါ့။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိပါတယ်။ ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာတစ်ခုအဖြစ် စားခဲ့ကြတာပါ။

မတ်ပဲမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ!

မတ်ပဲမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
  • ပရိုတင်း
  • အဆီဓာတ်
  • ကစီဓာတ်
  • အမျှင်ဓာတ်
  • သံဓာတ်
  • ကယ်လ်ဆီယမ်
  • ပိုတက်ဆီယမ်
  • ဆိုဒီယမ်
  • ဗီတာမင် C
  • ဖောလိတ် စတာတွေပါ။

မတ်ပဲ ပရိုတင်းပဲ ကြွယ်ဝတာ မဟုတ်ပါဘူး

မတ်ပဲ ပရိုတင်းပဲ ကြွယ်ဝတာ မဟုတ်ပါဘူး အခုလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရနိုင်ပါတယ်။ ပရိုတင်း ကြွယ်ဝတယ် မတ်ပဲက ပဲအမျိုးရင်းဝင်ပီပီ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပြီး ပရိုတင်း ပြည့်ဝစွာ ရရှိစေတာကြောင့် ကိုယ်ခံအား ကောင်းစေသလို အရိုးတွေကို သန်မာစေပါတယ်။ နောက်ပြီး မတ်ပဲက ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ လူကြီးတွေမှာလည်း အရိုးပွတာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ မတ်ပဲက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသလို နာတာရှည် ကျန်းမာရေး ပြဿနာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဝမ်းချုပ်တာ သက်သာစေတယ် အမျှင်ဓာတ် ကြွယ်ဝတဲ့ မတ်ပဲက အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အူနံရံတွေကိုလည်း အာဟာရ စုပ်ယူနိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ် အပူချိန် ထိန်းပေးတယ် အအေးဓာတ်ရှိပြီး ရေဓာတ် ကြွယ်ဝမှုက ကိုယ်တွင်း အပူချိန်ကို ထိန်းညှိပေးပြီး အပူလျှပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နွေရာသီမှာ စားပေးသင့်တဲ့ စားစရာလေးပါ။ နှလုံး ကျန်းမာစေတယ် ပိုတက်ဆီယမ် ပါဝင်မှုကြောင့် သွေးတိုးကို သက်သာစေသလို အမျှင်ဓာတ် ပါဝင်နေတာက သွေးတွင်းအဆီကို ကျစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။ သွေးတိုး ထိန်းပေးတယ် သွေးတိုးရှိရင် မတ်ပဲကို စားပေးလို့ ရပါတယ်။ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးတိုးကျစေဖို့ရော သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ အသည်း ကျန်းမာစေတယ် မတ်ပဲရဲ့ နောက်ထပ် အာနိသင်တစ်ခုကတော့ အသည်းကို ကျန်းမာစေပြီး အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကောင်းစေနိုင်တာပါ။ သွေးတွင်းသကြားဓာတ် ထိန်းပေးတယ် မတ်ပဲမှာ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာက ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သွေးတွင်းအဆီ ကျစေတယ် အမျှင်ဓာတ် ပါဝင်နေတာက သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ နယ်ထိုင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးထဲ အဆီများသူတွေ စားပေးလို့ အဆင်ပြေပါတယ်။ ကိုယ်အလေးချိန် ထိန်းပေးတယ် အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန် ထိန်းချင်သူတွေစားပေးလို့ ရပါတယ်။ # အမှာစကား မတ်ပဲက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တစ်မျိုးဖြစ်ပြီး ကလေးရော လူကြီးပါမကျန် စားလို့ ရသလို ကိုယ်ဝန်ဆောင်တွေလည်း စားလို့ ရပါတယ်။ တစ်ခု ရှိတာက တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!