မသိလိုက်ဘဲ လုပ်မိနေတဲ့ အဝလွန်စေတဲ့ အလေ့အထများ
တစ်နေ့တာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ မရှိတာ၊ နေ့စဉ်ရဲ့ နေထိုင်မှုပုံစံက အထိုင်များတာ၊ စခရင်မ်တိုင်းမ် များတာတွေက လူငယ်တွေကို အဝလွန်စေတဲ့ အကြောင်းရင်းခံတွေပါ။ လူငယ်တွေ အဝလွန်လာတာ ဒီအချက်တွေကြောင့်ပါ။- Low-fat ဆိုတဲ့ အစားအစာတွေကို စားသုံးတာ
- တစ်နပ်နပ်ကို မစားဖြစ်တာ၊ လွတ်တာ
- အစားကို မြန်မြန်စားတာ
- တီဗွီကြည့်ရင်း အစားစားတာ
- ရေသောက်နည်းတာ
- ပြုပြင်ထားတဲ့ အစားအစာတွေ စားတာ
- အိပ်ရေးပျက်တာ
- အထိုင်များတာ
- ဆေးလိပ်သောက်တာ
Lotoshin ရဲ့ စကားလက်ဆောင် တစ်နေ့တာမှာ ကိုယ်တိုင် မသိလိုက်ဘဲ လုပ်မိလိုက်တဲ့ အလေ့အထတွေက စိတ်ရောကိုယ်ပါ ကျန်းမာရေးအပေါ် သက်ရောက်နေသလို ကိုယ်အလေးချိန်ပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ လူလတ်ပိုင်းမှာ အဝလွန်တာက နာတာရှည် ကျန်းမာရေးပြဿနာတွေ၊ ကင်ဆာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာပါ ပြဿနာတွေ ရှိလာနိုင်တာကြောင့် ကျန်းမာရေး မညီညွတ်တဲ့ အလေ့အထတွေကို သတိထားပြင်ဆင်ကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!