မိုးအေးချိန် တွေမှာ ခေါင်းကိုက်တာ ဘာကြောင့်လဲ
အထွေထွေ

မိုးအေးချိန် တွေမှာ ခေါင်းကိုက်တာ ဘာကြောင့်လဲ

Admin

📅 19.07.2024
ခေါင်းကိုက်တယ်ဆိုတဲ့ စကားက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ခေါင်းကိုက်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတာက ကျန်းမာရေး အခြေအနေ တစ်ခုခု ကြောင့် ဖြစ်ပြီး တစ်ခါတစ်လေမှာတော့ ပတ်ဝန်းကျင် အနေအထားတွေ၊ နေ့စဉ် လည်ပတ်နေတဲ့ နေထိုင်မှုပုံစံတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ဒါဆို မိုးအေးချိန် ဆိုရင်ရော ခေါင်းကိုက်တတ်လားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ရာသီဥတု အပြောင်းအလဲတွေဖြစ်တဲ့ မိုးအုံ့တာ၊ လေထုထဲမှာ စိုထိုင်းဆ များတာ၊ အပူချိန် မြင့်တက်တာ၊ မုန်တိုင်းထန်တာ အားလုံးလိုလိုဟာ လူတွေကို ခေါင်းကိုက်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုက ဖိအားသက်ရောက်မှုကို ပြောင်းလဲစေတယ်။ ဒီဖိအား သက်ရောက်မှုဆိုတာက ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတဲ့ ဖိအား သက်ရောက်မှုကို ဆိုလို ချင်တာပါ။ ဒီလို ဖိအားသက်ရောက်မှု ပြောင်းလဲတာက ဦးနှောက်ထဲမှာ Chemical နဲ့ Electrical ပြောင်းလဲမှုတွေကို စတင်ဖြစ်စေပါတယ်။ ဒီလို ပြောင်းလဲမှုဖြစ်စဉ်က အာရုံကြောတွေကို မအီမသာ ဖြစ်စေပြီး ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ခွန်းတည်း အဖြေပြောရမယ်ဆိုရင်တော့ မိုးအေးရင် ခေါင်းကိုက်နိုင်ပါတယ်။ မိုးအေးချိန် တွေမှာ ခေါင်းကိုက်တာ ဘာကြောင့်လဲ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုက ရာသီဥတု အပြောင်းအလဲကြောင့် အပူအအေး မြန်ဆန်စွာ ပြောင်းလဲရာကနေ ခေါင်းကိုက်တာမျိုး ဖြစ်စေတာပါ။ မုန်တိုင်းလိုမျိုး တိုက်မယ်ဆိုတဲ့အခါဖြစ်ဖြစ် မိုးအေးချိန် ဖြစ်ဖြစ် ကြုံလာတဲ့အခါမျိုးမှာ ကိုယ်တိုင်က မိုးကို  မကြိုက်တာမျိုး ဖြစ်ရင် ဖြစ်ဖြစ် မိုးရွာတာကို စိတ်ဖိစီးပြီး ဦးနှောက်ထဲမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ကော်တီစောဟော်မုန်းတွေ ထွက်ရှိမှုကြောင့် လည်း ခေါင်းကိုက်နိုင်ပါတယ်။ ဖျားနာတာကြောင့် မဟုတ်ဘဲ ခေါင်းကိုက်တာဖြစ်တာကြောင့် ခေါင်းကိုက်တာကို သက်သာစေမယ့် အိမ်တွင်း နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတော့
  • ရေတစ်ခွက် ဝဝသောက်လိုက်တာ
  • တိတ်ဆိတ်တဲ့နေရာမှာ နားနားနေနေနေတာ
  • အိပ်ရေးဝဝအိပ်လိုက်တာ
  • သစ်သီးဖျော်ရည်သောက်တာ
  • ခေါင်းကိုက်သက်သာစေမယ့် OTC ဆေး တစ်မျိုးမျိုး သောက်ပေးတာ
  • ဝင်သက်ထွက်သက်မှတ်တာမျိုးတွေ လုပ်ပြီး ဖြေရှင်းလို့ ရပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!