မြန်မာဆန်ဆန် လက်နဲ့အစားစားတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်
လက်နဲ့ အစားစားတာက သဘာဝဆန်သလို ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတဲ့ စားသောက်မှုနည်းလမ်းတစ်မျိုးပါ။ လက်နဲ့ အစားစားတာက သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရတာက အစားကို ဖြည်းဖြည်းချင်း စားဖြစ်စေဖို့ ထောက်ကူပေးသလို အစာခြေဖျက်မှုမှာ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သေချာ သန့်စင်ဆေးကြောထားတဲ့ လက်နဲ့ အစားအစာတွေကို စားပေးတာက အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ကိုယ်ခံအား ကောင်းစေဖို့ပါ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။- သွေးလည်ပတ်မှု ကောင်းစေမယ်
- အစာကြေစေဖို့ ထောက်ကူပေးနိုင်တယ်
- အလွန်အကျွံ မစားဖြစ်စေဖို့ ထောက်ကူပေးနိုင်တယ်
- ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်ဖို့ ထောက်ကူပေးနိုင်တယ်
- ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်
Lotoshinn ရဲ့ စကားလက်ဆောင် အစားစားတဲ့အခါ လက်ကို သေချာလေး သန့်စင်အောင် ဆေးကြောပြီး စားသောက်ပေးမယ်ဆိုရင် အစားစားတဲ့အခါ အာရုံပြန့်လွှင့်မှု နည်းပြီး အစားကိုသေချာလေး ဝါးစားဖြစ်စေဖို့ရော နောက်တစ်ခုက အင်ဇိုင်းတွေ ထွက်ရှိစေဖို့ပါ ထောက်ကူပေးနိုင်သလို အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ တိုးစေပြီး ကိုယ်ခံအားတက်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေကို စားခါနီးတိုင်းမှာ လက်ကို သေသေချာချာ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်ဆေးကြောလို့ စားပေးကြဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!