မြွေနိုင်ပင် ( Abroma Augustum) ဆိုတာ
မြွေနိုင်ပင်ဆိုတာက အပင်ငယ်တစ်မျိုးပါ။ အရွက်က အပင်ပေါက်စမှာ ပဒုမ္မာကြာရွက်ခန့် ကြီးမားပါတယ်။ အရွက်ပုံစံကတော့ ဝါရွက်တို့ သုံးပန်လှပင်အရွက်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ အပွင့်ပွင့်တတ်ပြီး အပွင့်ပွင့်ချိန်၊ အသီးသီးချိန်တွေမှာ အရွက်ပုံစံက သရက်ရွက်လိုမျိုး ရှည်မြောမြောပုံစံကို ပြောင်းသွားတတ်ပါတယ်။ အပွင့်တွေကလည်း အေးတဲ့ ရာသီဥတုအခြေအနေမှာ နီရဲတဲ့ အရောင်နဲ့ ပွင့်တတ်ပြီး စစပွင့်ပြီး နောက်ရက်တွေမှာ ခရမ်းရောင်ရင့်ရင့် ( မရမ်းစေ့ရောင်) ကို ပြောင်းသွားတတ်ပါတယ်။ ရာသီဥတု ပူတဲ့ အချိန်မှာတော့ ပွင့်တဲ့ အပွင့်တွေကအကိုင်းကနေ တွဲလွဲကျတဲ့ အနေအထားနဲ့ ပွင့်တတ်တဲ့ အပွင့်က အပေါ်ဘက်ကို ထောင်ပြီး ခေါက်ထီးကို ပြောင်းပြန်ဖွင့်ထားတဲ့ ပုံစံမျိုးနဲ့ ပွင့်တတ်ပါတယ်။ အသီးထဲမှာ အကန့် ၅ ကန့် ပါနေပြီး မုန်လာစေ့နဲ့ ခပ်ဆင်ဆင် အစေ့လေးများကို အမွေးအမျှင်တွေနဲ့ ဖုံးအုပ်နေတာကို တွေ့ရတတ်ပါတယ်။မြွေနိုင်ပင် ( Abroma Augustum) ဆေးဖက်ဝင်သလား!
မြွေနိုင်ပင် ဆေးဖက်ဝင်သလားဆိုတော့ အခုလိုမျိုး ဆေးဖက်ဝင်ပါတယ်။- မေမေဖြစ်နိုင်မယ့် အခွင့်အလမ်း တိုးစေတယ်
- မီးယပ်ရောဂါတွေ သက်သာစေတယ်
- ရာသီမလာခင် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်
- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်
- အဆစ်ရောင်တာကို သက်သာစေနိုင်တယ်
- စိတ်ဖိစီးမှု ပြေလျော့စေတယ်
- အိပ်ပျော်စေတယ်
- သွေးတွင်း သွေးနီဥပမာဏတိုးစေနိုင်တယ်
ဘယ်လို အသုံးပြုလို့ရလဲ
မြွေနိုင်ပင်ကို လတ်လတ်ဆတ်ဆတ်လည်း သုံးလို့ ရသလို အခြောက်ခံပြီးမှ သုံးလည်း ရပါတယ်။ အပွင့်နဲ့ ပွင့်ချပ်တွေထက် အရွက်လေးတွေနဲ့ အမြစ်ကိုလည်း သုံးပေးလို့ ရပါတယ်။ အသုံးပြုတဲ့အခါ ရေနွေးဆူဆူထဲကို ထည့်ပြီး သုံးလို့ ရပါတယ်။သတိထားစရာ ဘေးထွက်ဆိုးကျိုးများ
မြွေနိုင်ပင်က ဆေးဖက်ဝင်တဲ့ သဘာဝ အပင်တစ်မျိုးဖြစ်တယ်ဆိုပေမယ့်- ကိုယ်ဝန်ဆောင်နေချိန်နဲ့
- မိခင်နို့တိုက်ကျွေးနေရချိန်မှာ
- သွေးရောဂါ တစ်မျိုးမျိုးရှိနေတာ
- ခွဲစိတ်ကုသမှု ခံယူစရာ ရှိနေတာမျိုး
- ဓာတ်မတည့်ပြဿနာ ရှိနေတာမျိုး
- နာတာရှည် ရောဂါတွေ ရှိနေမယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!