ရေဆာရင် ရေသောက်ပါ၊ အချိုရည် မသောက်ပါနဲ့
အထွေထွေ

ရေဆာရင် ရေသောက်ပါ၊ အချိုရည် မသောက်ပါနဲ့

Admin

📅
မောလိုက်တာ၊ ရာသီဥတုကလည်း ပူလိုက်တာ၊ ရေဆာလိုက်တာဆိုတဲ့ အကြောင်းအရင်းအမျိုးမျိုးနဲ့ ရေအစား အချိုရည်တွေကိုများ သောက်နေမိပြီလား……. ရေသောက်ရင် အမောမပြေလို့ဆိုပြီး အချိုရည်မှ အချိုရည်ဆိုပြီး သောက်မိနေသူလေးတွေ ရှိလား……….. ဒီလိုသောက်မိနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ နှစ်စဉ် လူတော်တော်များများ သေဆုံးနေရတဲ့ အကြောင်းအရင်းတစ်ခု နှစ်စဉ် ကမ္ဘာလူဦးရေရဲ့ ၁၇.၉ သန်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးကိုထိခိုက် တာ၊ နှလုံးသွေးကြောတွေ ထိခိုက်တာကြောင့် သေဆုံးနေကြရပါတယ်။ ဒီလိုသေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းက စားသုံးနေတဲ့ အစားအသောက်တွေကြောင့်ပါ။ စားသောက်တဲ့ အစားအသောက်တွေကြောင့် သွေးတိုးတာနဲ့ သွေးတွင်းသကြားဓာတ်များတာ၊ သွေးတွင်းကိုလက်စထရော များတာတွေက နှလုံးရောဂါ ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ လေ့လာမှုရလဒ်တွေအရ နေ့စဉ် အချိုရည်တွေ သောက်သုံးတာက သွေးတွင်းမှာ အဆီပိုတွေ များလာစေပြီး သွေးတွင်း ကိုလက်စထရောတွေကို များစေနိုင်ပါတယ်။ ဒါက အချိန်ကြာလာတဲ့အခါ နှလုံးကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်မှာပါ။ သွေးတွင်းကိုလက်စထရောကို ထိန်းညှိတာက ရုတ်တရက် နှလုံးခုန်ရပ်တာနဲ့ လေဖြတ်တာတွေကို ကာကွယ်ရာ ရောက်ပါ တယ်။ အချိုရည်တွေက သွေးတွင်းက အကျိုးပြုကိုလက်စထရောတွေကို ကျဆင်းစေတယ် ၁၂ နှစ်နီးပါး လူ ၃၅၈၄ ဦးပါဝင်ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အချိုရည်အမျိုးမျိုးကို သောက်သုံးသူတွေဟာ သွေးတွင်းအဆီဓာတ်များကြသလို သွေးတွင်းအကျိုးပြု ကိုလက်စထရော နည်းတာကို တွေ့ရှိခဲ့ကြရပါတယ်။ တစ်နေ့ကို အချိုရည်တစ်ခွက် သောက်သုံးတာက သွေးတွင်းက အကျိုးပြု ကိုလက်စထရာကို ကျဆင်းစေနိုင်ခြေ ၉၈ ရာခိုင်နှုန်းအထိရှိပါတယ်။ အကျိုးမပြု ကိုလက်စထရော မြင့်တက်နိုင်ခြေကတော့ ၅၃ ရာခိုင်နှုန်းအထိရှိပါတယ်။ ဒီလိုသွေးတွင်းက အကျိုးပြု ကိုလက်စထရော ကျပြီး အကျိုးမပြု ကိုလက်စထရော တက်တာက နှလုံးသွေးကြော ရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။ အမောပြေစေဖို့ ရေပဲသောက်ပါ ရေက ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ပါဝင်ဖွဲ့စည်းထားပြီး စိတ်ရော ကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်တာကြောင့် ရေဆာတဲ့ အခါ အချိုရည်သောက်တာမျိုး မလုပ်ဘဲ ရေပဲသောက်ပါ။ ဒါမှ ကျန်းမာမှာပါ။ ရေသောက်ပေးတာကြောင့် မှတ်ဉာဏ်ေကာင်းစေတယ် အသားအရေစိုပြည်လှပစေတယ် ကိုယ်အလေးချိန်ကျစေတယ် ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ် အရေပြားပြဿနာကင်းစေနိုင်တယ် ကိုယ်ခံအားစနစ်ေကာင်းစေနိုင်တယ် အစာခြေစနစ်ကျန်းမာစေနိုင်တယ် သွေးသန့်စေနိုင်တယ် ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ် ကျောက်ကပ်သန့်စင်စေနိုင်တယ် သွေးသန့်စေနိုင်တယ် သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ် ခေါင်းကိုက်တာကို သက်သာစေနိုင်တယ် ကိုယ်အပူချိန်ကျစေနိုင်တယ် နှလုံးကျန်းမာစေနိုင်တယ် ခံတွင်းနံ့ဆိုးကင်းစေနိုင်တယ် စိတ်ခံစားမှုကောင်းစေနိုင်တယ်။ ကဲ..အမောပြေ ရေပဲသောက်ပါ။ အချိုရည်တွေသောက်တာက အရသာရှိပေမယ့် ရေရှည်မှာ နှလုံးကျန်းမာရေးအပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီး ဖြစ်နေတာကြောင့်ပါ။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!