လက်ဖက်ဆိုတာ ဘာများလဲ!
လက်ဖက်ဆိုတာက လက်ဖက်ညွှန့်လေးတွေကို ခူးပြီး အချဉ်ဖောက်နှပ်ထားတဲ့ ရိုးရာအစားအစာ တစ်ခုပါ။ တော်တော်များများက အချဉ်ဖောက်ပြီး နှပ်ထားတဲ့ လက်ဖက်ရွက်လေးတွေကို ဆားကြမ်းလေးနဲ့နယ်၊ ရိုးရိုးရေ ဒါမှမဟုတ် ခပ်နွေးနွေး အနေအထားရှိတဲ့ ရေကျက်အေးလေးနဲ့ ခပ်ဖွဖွလေး နယ်ပြီး သန့်စင်အောက် တစ်ရေလောက်ဆေး၊ ပြီးရင်တော့ ရေစင်အောင် ညှစ်လို့ နှမ်းဆီ၊ ပဲဆီ၊ ဆားစသဖြင့်နယ်ပြီး နှပ်ထားလို့ အလျဉ်းသင့်သလို ပြင်ဆင် စားသုံးကြတဲ့ ရိုးရာ အစားအစာတစ်မျိုးပါ။လက်ဖက်စားရင် ကျန်းမာမှာလား!
လက်ဖက်က အချဉ်ဖောက်ထားတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပရိုဘိုင်အိုတစ်လည်း ကြွယ်ဝပါတယ်။ လက်ဖက်ကို စားသုံးပေးတာက ခန္ဓာကိုယ်မှာ အခုလိုကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေမှာပါ။- ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးမယ်
- အူလမ်းကြောင်း ကျန်းမာစေမယ်
- ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေနိုင်မယ်
- လန်းဆန်းစေမယ်
- အသားအရေကျန်းမာစေမယ်
Lotoshinn ရဲ့ စကားလက်ဆောင် လက်ဖက်က ကျန်းမာရေးကောင်းကျိုးများသလို စားလို့လည်း ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံစားရင် သံဓာတ်အားနည်းဓာတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေရမယ်၊ သွေးအားနည်းမယ်၊ ရောဂါအခံ တစ်ခုခု ရှိမယ်၊ နို့တိုက်မိခင်ဖြစ်နေမယ်၊ ကလေးငယ်လေးတွေ ဖြစ်နေမယ်ဆိုရင်တော့ လက်ဖက်ကို စားသုံးဖို့ မသင့်တော် ပါဘူး။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!