ကျန်းမာစေဖို့ နေ့စဉ်လိုက်နာလုပ်ဆောင်သင့်တဲ့ အလေ့အထလေးထဲမှာ လမ်း မြန်မြန်လေးလျှောက်တဲ့ အကျင့်ကိုပါ ထပ်ဖြည့်လိုက်ပါနော်။ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်အရ သိရတာက နေ့စဉ်တိုင်းမှာ အကွာအဝေးပမာဏ တစ်ခုလောက်ဆီကို လမ်းမြန်မြန်လေးလျှောက်တဲ့ အလေ့အကျင့်ကို ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို နှလုံးကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တယ်ဆိုတာကြောင့်ပါ။
လမ်းမြန်မြန်လေး လျှောက်ရင်း သင့်နှလုံးလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ
ဒီအကြောင်းလေးကို ဆက်ပြီး ပြောပြပေးချင်ပါတယ်နော်။ တစ်နေ့တာကို အနည်းဆုံးအနေနဲ့ ခြေလှမ်း ၂,၃၀၀ လှမ်းဖြစ်ကြတာများပါ။ ဒီလိုမျိုး ခြေလှမ်းတွေ လှမ်းတဲ့အခါ ခြေလှမ်း ၂,၃၀၀ အပြင် နောက်ထပ် ခြေလှမ်း ၁,၀၀၀ လှမ်းတိုင်းမှာ ရုတ်တရက်နှလုံးရပ်နိုင်ခြေ၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းတာနဲ့ လေဖြတ်နိုင်ခြေတွေကို ၁၇% အထိ ကျဆင်းစေမှာပါလို့ ဩဂုတ်လ ၆ ရက်နေ့က European Journal of Preventive Cardiology မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။ “ဒီလေ့လာမှုမှာ တွေ့ရှိရတာက လမ်းလျှောက်မှရယ် မဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှုတိုင်းက နှလုံးကျန်းမာစေဖို့ အထောက်အကူပြုပေးနိုင်တယ်ဆိုတာပါ။ ဒါကြောင့် တစ်နေ့တာမှာ ခြေလှမ်း ၁၀,၀၀၀ ဝန်းကျင် လှမ်းဖြစ်ကြမယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့နဲ့ နှလုံးကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင် ပါတယ်၊” လို့ ဆစ်ဒနီတက္ကသိုလ် Mackenzie Wearables Research Hub ရဲ့ ဒါရိုက်တာဖြစ်သူ ဝါရင့်သုတေသီ Emmanuel Stamatakisက သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။ “ဒီလေ့လာမှုမှာ အပိုဆုအနေနဲ့ သိရှိလိုက်ရတာက သွေးတိုးရောဂါ ခံစားနေရသူတွေမှာလည်း လမ်းများများလျှောက်ဖြစ်လေလေ သွေးတိုးကြောင့်နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တယ်ဆိုတာပါပဲ၊” လို့ Stamatakis က ပြောပြခဲ့ပါတယ်။ ဒီလေ့လာမှုမှာ ကောင်းမွန်မှန်ကန်တဲ့ ရလဒ်တွေ ရရှိစေဖို့အတွက် ယူကေမှာ နေထိုင်သူ ၃၂,၀၀၀ ကျော်ကို ကာလရှည်ကြာ လေ့လာခဲ့တာပါ။ ဒီလေ့လာမှုအတွင်း သွေးတိုးရှိသူတွေကို လက်ကောက်ဝတ်မှာ သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာကို တပ်ဆင်ပြီး ၇ ရက်ကြာ ဘယ်လောက်ဝေးဝေးနဲ့ ဘယ်လောက်ထိ မြန်မြန် လမ်းလျှောက်ခဲ့လဲဆိုတာကို လေ့လာခဲ့ပါတယ်။ လမ်းလျှောက်တဲ့ အချက်အလက်တွေကို ၂၀၁၃ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒီလေ့လာမှုမှာပါဝင်သူတွေရဲ့ နှလုံးကျန်းမာရေး အခြေအနေကို နောက်ထပ် ၈ နှစ်ကြာလေ့လာခဲ့တာဖြစ်ပါတယ်။ ဒီလေ့လာမှုအတွင်း ပုံမှန်လမ်းလျှောက်တဲ့သူတွေ (ပြောချင်တာကတော့ ခြေလှမ်း ၂,၃၀၀ လှမ်းဖြစ်ကြတဲ့သူတွေ) မှာတော့ လူပေါင်း ၁၉၀၀ ကျော်မှာ နှလုံးရောဂါ ခံစားရတာနဲ့ လေဖြတ်တာတွေ ခံစားရတာမျိုး ရှိပါတယ်။ ရလဒ်တွေမှာ တွေ့ရတာက နေ့တိုင်းမှာ အနည်းဆုံး ခြေလှမ်း ၂,၃၀၀ အပြင် အပို ခြေလှမ်း ၁,၀၀၀ လှမ်းကြသူတွေမှာတော့ -- နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေ ၁၇%
- နှလုံးစွမ်းဆောင်ရည် ကျဆင်းတဲ့ အခြေအနေကို ခံစားရနိုင်ခြေ ၂၂%
- ရုတ်တရက်နှလုံးရပ်နိုင်ခြေ ၉ %
- လေဖြတ်နိုင်ခြေ ၂၄% အထိ ကျဆင်းနေတာကို တွေ့ရပါတယ်။
- နှလုံးကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို ၂၀% အထိ
- နှလုံးစွမ်းဆောင်ရည် ကျဆင်းနိုင်ခြေကို ၂၃%
- ရုတ်တရက်နှလုံးရပ်နိုင်ခြေကို ၁၈%
- လေဖြတ်နိုင်ခြေကို ၂၅%အထိ လျှော့ချပေးနိုင်တာကို တွေ့ရှိနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင် လမ်းလျှောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အရွယ်တိုင်းနဲ့ သင့်တော်တဲ့ လုပ်ဖြစ်နိုင်ခြေ ရှိတဲ့ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ခြေလှမ်း တစ်သောင်းဝန်းကျင် လှမ်းဖြစ်အောင် ဂရုစိုက်တာက နှလုံးကျန်းမာရေးကို စောင့်ရှောက်ပြီးသားဖြစ်မှာပါ။ ဒါကြောင့် တစ်နေ့တာကို တတ်နိုင်သမျှ လမ်းလျှောက်ဖြစ်အောင် နေ့စဉ်အလေ့အထလေးတွေကို ပြင်ဆင် ဖန်တီးကြဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!