လေ့ကျင့်ခန်း လုပ်ပါဆိုရင် မနက်ခင်းမှာပဲ လုပ်သင့်တယ်လို့ တွေးနေတုန်းလား!
အထွေထွေ

လေ့ကျင့်ခန်း လုပ်ပါဆိုရင် မနက်ခင်းမှာပဲ လုပ်သင့်တယ်လို့ တွေးနေတုန်းလား!

Admin

📅 26.10.2024
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါလို့ ပြောလိုက်ရင် မျက်စိထဲ ပြေးမြင်တာက မနက်ပိုင်းမှာ လုပ်သင့်တယ်။ ဒါမှ ကျန်းမာမယ်လို့ပေါ့။ တကယ်ကတော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက မနက်ပိုင်းမှ လုပ်ရမယ်လို့ မဟုတ်ပါဘူး။ ညနေပိုင်းမှာလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။ ညနေပိုင်းမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ဘယ်လိုမျိုး ကောင်းကျိုးလေးတွေ ရှိမလဲဆိုတာကို ပြောပြပေးပါမယ်။  ညနေပိုင်းမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာကလည်း မနက်ပိုင်းမှာ လေ့ကျင့်ခန်း လုပ်သလိုပဲ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

လေ့ကျင့်ခန်း လုပ်ပါဆိုရင် မနက်ခင်းမှာပဲ လုပ်သင့်တယ်လို့ တွေးနေတုန်းလား!

ညနေခင်းမှာ လေ့ကျင့်ခန်း လုပ်တာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။
  • ကျန်းမာကြံ့ခိုင်စေတယ်
ညနေပိုင်းမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို ကြွက်သားတွေကိုရော အရိုးတွေကိုပါ သန်မာစေပြီး ခန္ဓာကိုယ်ရဲ့ ကျန်းမာကြံ့ခိုင်မှုကို တိုးစေနိုင်ပါတယ်။
  • အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေမယ်
ညနေဘက်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • စိတ်ဖိစီးမှု ပြေလျော့စေမယ်
ညနေခင်းမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ဖိစီးမှု ပြေလျော့စေဖို့၊ စိတ်ပျော်ရွှင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • ကောင်းကောင်း အိပ်ပျော်စေနိုင်မယ်
ညနေဘက်မှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အရမ်းပြင်းထန်ရင် အိပ်စက်မှုကို ထိခိုက်စေနိုင်ပေမယ့် ပုံမှန် အနေအထားပဲ လုပ်မယ်ဆိုရင် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်နိုင်စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။  ညနေဘက်မှာ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်တာက ကောင်းကျိုးများသလို စိတ်အေးလက်အေးလည်း ဖြစ်တာကြောင့် မနက်ခင်းမှာ အစောမထချင်ဘူး။ ရုံးချိန်မီအောင် လောလော လောလော လုပ်ရတာကို စိတ်ဖိစီးတယ်ဆိုရင်တော့ ညနေဘက် ရုံးဆင်းချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းလေး စမ်းလုပ်ကြည့်ပါလို့ အကြံပြုလိုက်ပါရစေ။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!