သနပ်ခါး အသားလှစေသလား!
အထွေထွေ

သနပ်ခါး အသားလှစေသလား!

Admin

📅 23.10.2025

သနပ်ခါးဆိုတာက မြန်မာလူမျိုးတိုင်းအတွက် သဘာဝကပေးတဲ့ အသားအရေကျန်းမာ လှပစေတဲ့ သဘာဝ လိမ်းခြယ်စရာ တစ်ခုပါ။ နွေရာသီမှာ အသားအေးစေဖို့ဖြစ်ဖြစ် နေ့စဉ်တိုင်းမှာ အသားအရေ ကျန်းမာစေ ဖို့ဖြစ်ဖြစ် လိမ်းခြယ်ကြတဲ့ သနပ်ခါး အသားလှစေသလား! ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေနိုင်လဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

 သနပ်ခါး အသားလှစေသလား!

သနပ်ခါးက အနံ့မွှေးမွှေးလေးနဲ့ စိတ်ကြည်လင်စေသလို အသားအရ ကျန်းမာစေဖို့လည်း  အခုလိုလေး ထောက်ကူပေးပါသေးတယ်။ မနက်ခင်း မျက်နှာသစ်ပြီးချိန်မှာဖြစ်ဖြစ် ညနေရေချိုးပြီးချိန်မှာဖြစ်ဖြစ် မြန်မာအမျိုးသမီးလေးတွေ နှစ်နှစ်ခြိုက်ခြိုက် လိမ်းကျံကြတဲ့ သနပ်ခါးက အသားအရေ ကျန်းမာစေဖို့ အခုလို ထောက်ကူပေးပါတယ်။ 

  • နေလောင်ဒဏ် ကာကွယ်ပေးတယ်

သနပ်ခါးမှာ marmesin လို့ခေါ်တဲ့ active ingredient တစ်ခု ပါဝင်နေတာကြောင့် အရေပြားကို နေရောင်ထဲမှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း နေပူထဲ ထွက်တဲ့အခါ ရှေးလူကြီးတွေက သနပ်ခါးကို ထူထူလိမ်းကြတာ ဖြစ်နိုင်ပါတယ်။ 

  • အသားအေးစေတယ်

သနပ်ခါးမှာ ရာသီဥတုပူချိန်မှာ အသားကို အေးမြစေပြီး အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နောက်တစ်ချက်ကတော့ သနပ်ခါးက အသားအရေအတွက် အစိုဓာတ်ကို ထိန်းပေးနိုင်သလို အသားအရေကို နူးညံ့စေပြီး လန်းဆန်းနေစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

  • ဝက်ခြံသက်သာစေတယ်

သနပ်ခါးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ဘက်တီးရီးယားတွေကြောင့် အရေပြား ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဝက်ခြံကို သက်သာစေပြီး အရေပြားမှာ ရောင်ရမ်းတာတွေကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  သနပ်ခါး အသားလှစေသလား! သနပ်ခါး အသားလှစေသလား!

  • အရွယ်တင်စေနိုင်တယ်

သနပ်ခါးက နေရောင်ကို ကာကွယ်ပေးပြီး နေ့စဉ်တိုင်းမှာ ထိတွေ့မိနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာ၊ အရေးအကြောင်းတွေ ဖြစ်တာ၊ အရေပြားမှာ ထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • အသားအရေ ကြည်လင်စေတယ်

သနပ်ခါးက အသားအရေကို ကြည်လင်စေသလို အသားဖြူစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အကြောင်းက တော့ သနပ်ခါးမှာပါတဲ့ tyrosinase လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးက အသားအရေကို ကြည်လင်ဖြူဝင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

  • မိတ်သက်သာစေတယ် 

သနပ်ခါးက နွေပူနေချိန်မှာ ချွေးထွက်တာနဲ့ အပူရှိန်ကြောင့် ဖြစ်တတ်တဲ့ မိတ်တွေကို သက်သာစေဖို့လည်း ရေကျဲကျဲလေး ဖျော်ပြီး တစ်နေ့ကို (၂) ကြိမ် ကနေ (၃) ကြိမ်လောက် လိမ်းပေးလို့ ရပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ အဖုအပိမ့်တွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • အသားအရေ ကျန်းမာစေတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အကျိုးပြု အင်ဇိုင်းနဲ့ active ingredient တွေ ပါဝင်နေတာက အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ကျန်းမာစေဖို့ နေ့စဉ်တိုင်းမှာ လိမ်းပေးလို့ ရပါတယ်။

Lotoshinn ရဲ့ စကားလက်ဆောင် သနပ်ခါးက အေးမြမွှေးကြိုင်တဲ့ အနံ့လေးကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေနိုင်သလို အသားအရေ ကိုလည်း နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် အပါအဝင် အမျိုးမျိုးသော ညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တာကြောင့် အသားအရေကျန်းမာစေဖို့ နေ့စဉ်တိုင်းမှာ သနပ်ခါးစစ်စစ်လေးကို လိမ်းပေးလို့ ရပါတယ်။
 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!