သပြေသီးမှည့်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။ သွေးတွင်းအဆီကျစေနိုင်တယ် ပိုးသေစေနိုင်တယ် သွေးတွင်းသကြားဓာတ်ထိန်းညှိပေးနိုင်တယ် အစာအိမ်ကျန်းမာစေနိုင်တယ် အသည်းကျန်းမာစေနိုင်တယ် ကင်ဆာကာကွယ်ပေးတယ် ဆီးချိုကာကွယ်ပေးတယ် လိပ်ခေါင်းသက်သာစေတယ် ဝမ်းပျက်ဝမ်းလျှောသက်သာစေတယ် ဝမ်းမှန်စေတယ် လည်ချောင်းနာသက်သာစေတယ် နာကျင်ရောင်ရမ်းမှု သက်သာစေတယ်။ဆရာကြီး မင်းသုဝဏ်ရေးထားတဲ့ “ ဝါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးတောင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ” ဆိုတဲ့ ကဗျာစာသားထဲက သပြေသီးမှည့်လေးက စားကောင်းတယ်ဆိုတာကို သိထားပြီ ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော ဘယ်လို ထောက်ကူပေးလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
သပြေသီးမှည့် ဆိုတာ
သပြေသီးမှည့်ဆိုတာက သပြေပင်ရဲ့ အသီးပါ။ သပြေပင်ဆိုတာက အစေ့၊အရွက်၊အသီး၊အခေါက်အားလုံး ဆေးဖက်ဝင်တဲ့ အပင်မျိုးပါ။ အရောင်က ခရမ်းရောင်စိုစိုလေးပေါ့။ မိုးဦးကျကာလက သပြေသီးပေါ်တဲ့ အချိန်ပါ။ သပြေပင်က အပင်ကြီးမျိုးရင်းဝင်ဖြစ်ပြီး အမြင့်ပေ ၃၀လောက်ထိမြင့်တတ်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဇုံတွေမှာ အများအပြားပေါက်ရောက်တတ်ကြပါတယ်။ အိန္ဒိယမျိုးရင်းပင်တစ်မျိုးပါ။ ရုတ်တရက်ကြည့်လိုက်ရင် စပျစ်သီးရှည်ရှည်လေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။သပြေသီးမှည့်ကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်များ
သပြေသီးမှည့်လေးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အမျှင်ဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ ရေဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ သီရာမင်း၊ ဗီတာမင် Cတို့ ပါဝင်နေပါတယ်။သပြေသီးမှည့် စားကောင်းရုံပဲလား!
သပြေသီးမှည့်က စားကောင်းရုံပဲဆိုတာထက် ပိုပြီး ကျန်းမာရေးအတွက်ပါ အခုလို အထောက်အကူ ပြုပေးပါတယ်။- သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်
- ပိုးတွေသေစေနိုင်တယ်
- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်
- အစာအိမ်ကျန်းမာစေနိုင်တယ်
- အသည်းကျန်းမာစေနိုင်တယ်
- ကင်ဆာကာကွယ်ပေးတယ်
- ဆီးချိုကာကွယ်ပေးတယ်
- လိပ်ခေါင်းသက်သာစေနိုင်တယ်
- ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်တယ်
- ဝမ်းမှန်စေနိုင်တယ်
- လည်ချောင်းနာတာ သက်သာစေတယ်
- နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!