ဘာကြောင့် သွားကိုက်ရတာလဲ!
သွားကိုက်ရတာက အမျိုးမျိုးသော အကြောင်းအရင်းတွေ ရှိနိုင်ပါတယ်။- သွားပိုးစားနေတာ
- သွားပေါက်ဖြစ်နေတာ
- ပါးစပ်ထဲမှာ ပိုးဝင်ကူးစက်နေတာ
- ခံတွင်းကျန်းမာရေး ပြဿနာရှိနေတာတွေကြောင့် သွားကိုက်တာကို ဖြစ်စေနိုင်ပါတယ်။
သွားကိုက်ရင် ဘယ်လို ခံစားရနိုင်လဲ!
သွားကိုက်နေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။- သွားတဝိုက်က နာမယ်
- မေးရိုးတဝိုက်က နာမယ်
- အဖျားတက်မယ်
- ခံတွင်းနံ့ဆိုးမယ်
- သွားဖုံးသွေးယိုမယ်
- ရောင်ရမ်းနေမယ်
- သွားတွေက အထိမခံနိုင်ဘဲ နာမယ်
- သွားဖုံးနဲ့ ပါးတွေက ရောင်နေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
သွားကိုက်တာကို သက်သာစေဖို့
သွားကိုက်တာကို သက်သာစေဖို့ဆိုရင် အခုလို လွယ်ကူမြန်ဆန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။- ဆားရည်နဲ့ အာလုပ်ကျင်းပါ
- ရေခဲကိုက်ပေးပါ
- မာလကာရွက် ဝါးပေးပါ
- ရှားစောင်းလက်ပပ်နဲ့ လိမ်းပေးပါ
- လေးညှင်းပွင့်
- ပူဒီနာရွက်
- စမုန်ဖြူ
Lotoshinn ရဲ့ စကားလက်ဆောင် သွားကိုက်တာက အခံရခက်တာကြောင့် သွားကိုက်တာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နေ့စဉ် မနက် တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ပါ။ သွားကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကိုရှောင်ကြဉ်ပါ။ ချိုပြီးကပ်စေးတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။ စားမိပြီးရင်လည်း သွားကို သေချာလေး တိုက်ပါ။ အာလုပ်ကျင်းပါ။ ပုံမှန် သွားဆေးခန်းကို သွားရောက်ပြီး စစ်ဆေးကုသမှုကို ခံယူပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!