ဆေးလိပ်ဖြတ်တာက ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ကယ်တင်တာပါ
ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ဆေးလိပ်ငွေ့က ဆေးလိပ်သောက်သူကိုရော တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိသူတွေကိုပါ ပြင်းထန်ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေလို့ပါပဲ။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ငွေကုန်ကြေးကျ သက်သာရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်မှာလည်း ကျန်းမာရေး သိသိသာသာ ကောင်းလာမှာပါ။ ဆေးလိပ် ဖြတ်လိုက်ချိန် ကနေစပြီး တစ်ရက်ပြီး တစ်ရက် ပိုကျန်းမာလာတာကို တွေ့ရမယ် ဆိုတာ အသေအချာပါ။ ဆေးလိပ် ဖြတ်လိုက်ပြီဆိုရင် အခုလို ရလဒ်ကောင်းလေးတွေကို ခံစားရမှာပါ။- အနံ့အရသာ ခံနိုင်စွမ်း ပိုကောင်းလာမယ်
- နီကိုတင်း စွဲလမ်းမှု ကင်းသွားမယ်
- သွေးလည်ပတ်မှု ကောင်းလာမယ်
- ခန္ဓာကိုယ်မှာ အားရှိလာမယ်
- ကိုယ်ခံအား ပိုကောင်းလာမယ်
- သွား နဲ့ ခံတွင်း ကျန်းမာလာမယ်
- ကင်ဆာဖြစ်နိုင်ခြေ နည်းသွားမယ်
Lotoshinn ရဲ့ စကားလက်ဆောင် ဆေးလိပ်ဖြတ်လိုက်တာက ငွေကုန်ကြေးကျလည်း သက်သာ ကျန်းမာရေးလည်းကောင်း ချစ်ရသူတွေနဲ့လည်း သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ရော၊ ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ကိုပါအများကြီး ထောက်ကူပေးနိုင်မှာပါ။ ဆေးလိပ် ဖြတ်သင့်တယ် မထင်မိဘူးလား။ ဆေးလိပ် ဖြတ်တာက ကိုယ်တိုင် အတွက်ရော ပတ်ဝန်းကျင် အတွက်ပါ ကောင်းတဲ့ အချက် ဖြစ်တာကြောင့် ဆေးလိပ်ဖြတ်တာက ကောင်းတယ်လို့ ပြောရတာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!