အစာအိမ်ရောဂါကြောင့် ခေါင်းကိုက်နိုင်သလား!
အစာအိမ်ရောဂါကြောင့် ခေါင်းကိုက်တာက အဖြစ်များတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာပါ။ အစာအိမ်ရောဂါ ခံစားနေရပြီဆိုရင် ဗိုက်အောင့်တာကို ခံစားရနိုင်သလို အစာအိမ်နဲ့ အူမကြီး လုပ်ငန်းဆောင်တာတွေ ပုံမှန် မဟုတ်တဲ့ အခြေအနေကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်.။ အစာမကြေတဲ့အခါမျိုးမှာ ခေါင်းတအားကိုက်တာ၊ မူးတာမျိုးကို ခံစားရနိုင်သလို အန်ချင်သလို ခံစားရတာ မျိုးလည်း ရှိပါတယ်။ လေ့လာမှုတွေအရ တွေ့ရှိရတာက အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေ ကြောင့် ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ သုတေသနတစ်ရပ်အရ သိရတာက စားချဉ့်ပြန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာနဲ့ ပျို့အန်တာတွေကို ခံစားရချိန်မှာ တော်တော်များများက ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး ပြဿနာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးပြဿနာဖြစ်တဲ့ irritable bowel syndrome (IBS) နဲ့ celiac ရောဂါတွေကို ခံစားနေရမယ်ဆိုရင်လည်း ခေါင်းတစ်ခြမ်း ကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေမှာ အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ကုသမှု ခံယူလိုက်မယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာကလည်း သက်သာသွားမှာပါ။ ဦးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းအကြားမှာ အာရုံကြောဆဲလ်တွေ၊ ဟော်မုန်းစနစ်တွေ၊ ကိုယ်ခံအား စတဲ့အရာတွေနဲ့ ဆက်စပ်နေပါတယ်။ အစာအိမ်အူလမ်းကြောင်းကြောင့် ခေါင်းကိုက်တယ်ဆိုတဲ့နေရာမှာ အထူးသဖြင့်ကတော့ ခေါင်းတစ်ခြမ်း ကိုက်တာကို ခံစားရတာ များပါတယ်။အခုလို အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကြောင့် ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်
အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးပြဿနာ ဆိုတဲ့နေရာမှာ အခုလို အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကို ခံစားနေရပြီဆိုရင် ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။- စားချဉ့်ရည် ပြန်ဆန်တက်တာ (GERD)
- irritable bowel syndrome (IBS)
- inflammatory bowel diseases (IBD)
- အစာအိမ် ပိုးဝင်တာ
- အစာအိမ် အနာ စတဲ့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေကြောင့်လည်း ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင် အစာအိမ်မှာ အနာဖြစ်တာ၊ အစာအိမ်ကျန်းမာရေးပြဿနာကို ခံစားနေရမယ်၊ အစာခြေအက်ဆစ် ပုံမှန်ထက် ပိုများနေတာမျိုး ဖြစ်မယ်ဆိုရင်လည်း အစာအိမ်ကြောင့် ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အစာအိမ် အူလမ်းကြောင်း ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကိုလည်း ခံစားနေရမယ်ဆိုရင်တော့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးစစ်ဆေး ကုသမှု ခံယူဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!