အပူအစပ် အစားများရင် ဘာဖြစ်မလဲ!
နေ့စဉ်စားသုံးမှုမှာ ပူပူစပ်စပ်တွေကို အစားများမယ်။ အပူအစပ်တွေ အရမ်းစားမယ်ဆိုရင် အဓိက ထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက အစာအိမ်အူလမ်းကြောင်းပါ။ တိတိကျကျ ပြောပြရမယ်ဆိုရင် အပူအစပ် အစားများတာက -- ရင်ပူတာကို ဖြစ်စေနိုင်တယ်
- အက်ဆစ်ပြန်ဆန်တက်တာကို ဖြစ်စေနိုင်တယ်
- ဗိုက်အောင့်မယ်
- ဝမ်းပျက်မယ်
- ခေါင်းကိုက်စေနိုင်တယ်
- အိပ်ရေးပျက်စေနိုင်တယ်
- အသက်ရှူဖို့ ခက်တာမျိုး ဖြစ်စေနိုင်တယ်
ဘယ်သူတွေ သတိထားဖို့ လိုမလဲ!
နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရတာမျိုး ရှိမယ်ဆိုရင်လည်း အရမ်းစပ်တာတွေကို စားတဲ့အခါ ရှိရင်းစွဲ ကျန်းမာရေးအခြေအနေတွေကို ပိုဆိုးစေနိုင်တာကြောင့် အများကြီး မစားဖို့ အကြံပြုချင်ပါတယ်။ တကယ်လို့ အစပ်တွေ စားပြီးချိန်မှာ ပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။Lotoshinn ရဲ့ စကားလက်ဆောင် အပူအစပ်တွေကို အလွန်အကျွံစားတာက အစာအိမ်အူလမ်းကြောင်းအပါအဝင် ကိုယ်တွင်းအင်္ဂါ တော်တော်များ များကို ထိခိုက်စေနိုင်တာကြောင့် အများကြီး မစားဖို့လိုပါမယ်။ အစပ်စားတဲ့အခါမှာလည်း ငရုတ်သီး အခြောက်မှုန့်တွေအစား ငရုတ်သီးစိမ်းတွေကို စားပေးတာက ပိုပြီး ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!