အမြဲလိုလို အိပ်ငိုက်နေရတာ ဘာကြောင့်များလဲ!
အမြဲလိုလို အိပ်ငိုက်နေရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။- ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာကြောင့်ပါ
- နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြောင့်ပါ
- ကိုယ်လက်လှုပ်ရှားမှု နည်းတာ
- ကဖင်း အစားများတာ
- ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှု ရှိနေတာ
- အရက်သောက်တာ
- ကျန်းမာရေး အခြေအနေများ
- စိတ်ကျန်းမာရေး ပြဿနာ တစ်ခုခု ခံစားနေရတာ
- ဆေးဝါးတွေ
- ကာလရှည်ကြာ စိတ်ဖိစီးနေတာ
ဘယ်လို အခြေအနေမှာ ကုသမှု ခံယူဖို့ လိုမလဲ!
တစ်ချိန်လုံး အိပ်ငိုက်တာကို ခံစားရမယ်ဆိုရင် နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲတာကို အရင်ဆုံး လုပ်ဆောင်ဖို့ လိုပါမယ်။ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပေမယ့် မသက်သာတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဖြစ်နေလားဆိုတာကို သိရှိနိုင်ဖို့အတွက် လိုအပ်တဲ့ ဆေးစစ် ကုသမှုတွေကို ခံယူဖို့ လိုပါမယ်။Lotoshinn ရဲ့ စကားလက်ဆောင် ညဘက်တွေမှာ အိပ်ချိန်ပြည့်ဝတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တကယ်လို့ ညဘက်တွေကို အိပ်ချိန်ပြည့်ဝအောင် အိပ်ပါရက် တစ်ချိန်လုံး အိပ်ငိုက်နေပြီဆိုရင်တော့ အကြောင်းရင်းခံကို သေချာလေး အဖြေထုတ်ကြည့်ဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!