အထုတ်လေးထဲကနေ လွယ်လွယ်ထုတ်၊ ရေနွေးလေးဖျောပြီး ခပ်မြန်မြန်စားလို့ရတဲ့ အသင့်စား ခေါက်ဆွဲပြုတ်လေးကို သိပ်ကြိုက်ကြတယ် ဟုတ်။ အရသာလေးကလည်းကောင်းလှတော့ ကလေးကအစ လူကြီးတွေအထိ အလွယ်တကူ စားမိနေတဲ့ ဒီခေါက်ဆွဲပြုတ်လေးတွေက ပြင်ဆင်စားသောက်ရတာ လွယ်ကူသလောက် ကျန်းမာရေးအတွက်တော့ အတော်လေး အဆင်မပြေလှပါဘူးနော်။
တာရှည်ခံဆေးတွေ နဲ့ အသွင်အပြင်လှလှပပ အရသာပြည့်ပြည့်ဝဝ ပြင်ဆင်ထားတဲ့ ခေါက်ဆွဲတွေက ချက်ခြင်းဆိုရင် သိပ်မသိသာပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို အတော်လေး ဆိုးကျိုးပေးနိုင်တာပါ။ အထူးသဖြင့် ကလေးတွေနဲ့ ဘယ်လိုမှ မသင့်လျော်ပါဘူး။ အသင့်စားခေါက်ဆွဲခြောက်တွေက ဘယ်လိုတွေများ ထိခိုက်စေနိုင်လဲဆိုတာ သိချင်ရင်တော့ ဒီစာလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်တော့နော်။
အာဟာရမပြည့်ဝရုံတင်မက ဓာတုဆေးဝါးတွေပါ ပါဝင်နေတတ်တဲ့ အသင့်စားခေါက်ဆွဲတွေက ဘယ်လိုမျိုး ကျန်းမာရေးကို ထိခိုက်စေသလဲဆိုရင်တော့ …
?အစာကြေ ခဲတယ် - အသင့်စားခေါက်ဆွဲတွေက ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အဟန့်အတား ဖြစ်စေရုံတင် မဟုတ်ဘဲ အစာကြေချက်မှု လုပ်ငန်းစဉ်ကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ အစာကြေချက်မှု လုပ်ငန်းစဉ် ဖြစ်စေဖို့ အာဟာရဓာတ် နဲ့ သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။ အမျှင်ဓာတ် လုံးဝမပါတဲ့ အသင့်စားခေါက်ဆွဲတွေက ဝမ်းချုပ်တဲ့ပြဿနာကို ခံစားရစေနိုင်ပါတယ်။ အစာအိမ် နဲ့ အူကို ထိခိုက်စေနိုင်ပါသေးတယ်။
?အသည်း ထိခိုက်ပျက်စီးစေနိုင်တယ် - အသင့်စားခေါက်ဆွဲမှာပါတဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့ Propylene Glycol က အသည်းရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေသလို အသည်း ပျက်စီးစေနိုင်ပါတယ်။
?ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ် - ကိုယ်ဝန်ဆောင်တွေ အနေနဲ့ အသင့်စား ခေါက်ဆွဲတွေကို မစားသင့်ပါဘူး။ အကြောင်းကတော့ အသင့်စားခေါက်ဆွဲတွေမှာပါတဲ့ တာရှည်ခံ ပစ္စည်းတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တာကြောင့်ပါ။
?ကျောက်ကပ် ပျက်စီးစေနိုင်တယ် - Propylene Glycol ပါဝင်နေမှုက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။
?ခေါင်းကိုက် စေနိုင်တယ် - အချိုမှုန့်လို့ သိကြတဲ့ MSG ပါဝင်တာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ MSG ကခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ မကောင်းပါဘူး။
?ဆီးချိုဖြစ်စေနိုင်တယ် - အရသာရှိအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ အသင့်စားခေါက်ဆွဲမှာ အချိုဓာတ် ပါဝင်မှု မြင့်တာကြောင့် ဆီးချို ဖြစ်စေနိုင်ပါတယ်။
?အမျိုးသမီးတွေမှာ ဟော်မုန်း ပြဿနာဖြစ်စေနိုင်တယ် - အမြဲလိုလို အသင့်စားခေါက်ဆွဲကို စားသုံးမယ်၊ အလွန်အကျွံစားသုံးမယ်ဆိုရင် ဆိုဒီယမ် ပါဝင်မှု များတာကြောင့် အမျိုးသမီးတွေမှာ ဟော်မုန်း ပြဿနာ ခံစားရနိုင်ပါတယ်။
?အမျိုးသားတွေမှာ ကလေးရနိုင်စွမ်းကျစေတယ် - အသင့်စားခေါက်ဆွဲမှာ ဓာတုဗေဒ ပစ္စည်းတွေ များစွာပါဝင်နေပြီး အမျိုးသားတွေမှာ ကလေးရရှိနိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။
?နှလုံးရောဂါ ခံစားရနိုင်တယ် - အသင့်စား ခေါက်ဆွဲမှာ ဗီတာမင် ပါဝင်မှုနည်းတာကြောင့် မကြာခဏ စားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။
?ကင်ဆာ ဖြစ်စေနိုင်တယ် - အသင့်စားခေါက်ဆွဲ စားမယ်ဆိုရင် အပေါ်က ဓာတုပစ္စည်းတွေ ပါဝင်မှု ရှိမရှိ စစ်ဆေးပါ။ တာရှည်ခံစေဖို့ နဲ့ အရသာပြည့်ဝစေဖို့ အသင့်စားခေါက်ဆွဲမှာ ဖန်တီး ဖြည့်စွက်ထားတဲ့ ဓာတု ပစ္စည်းတွေက အချိန်ကြာမြင့်စွာ စားသုံးမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာရောဂါ ဖြစ်စေတာမျိုး အထိ ဖြစ်နိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင် အသင့်စားခေါက်ဆွဲပြုတ်တွေက ဘယ်လောက်အထိ အန္တရာယ်ပေးနိုင်လဲဆိုတာကို သဘောပေါက်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ ကဲ အသင့်စားခေါက်ဆွဲပြုတ်တွေကို ချင့်ချင့်ချိန်ချိန်နဲ့ သတိထားပြီး စားကြနော် …
အထွေထွေ
အရသာကောင်းပေမယ့် အန္တရာယ်များလှတဲ့ အသင့်စား ခေါက်ဆွဲတွေအကြောင်း
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!