အလှအပအတွက် အရေးပါတဲ့ ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုး
ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုးကတော့ - ဟင်းနုနွယ်ရွက် ဟင်းနုနွယ်ရွက်က ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနိုင်သလို အသားအရေ၊ အရိုးနဲ့ အဆစ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ငရုတ်ပွ ငရုတ်ပွကလည်း ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေ ကျန်းမာလှပစေဖို့လည်း ငရုတ်ပွကို စားပေးလို့ ရပါတယ်။ ကန်စွန်းဥ ကန်စွန်းဥမှာ ကော်လာဂျင် ထွက်ရှိမှုကို လှုံ့ဆော်ပေးနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ဆိုရင်တော့ ကန်စွန်းဥကို စားပေးလို့ ရပါတယ်။ ထောပတ်သီး ထောပတ်သီးမှာ ကျန်းမာတဲ့ အဆီတွေ အများကြီး ပါတာကြောင့် အသားအရေ ခြောက်သွေ့မှု ကင်းစေဖို့ရော ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေ စတော်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေလိုမျိုး ဘယ်ရီသီးတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကော်လာဂျင်ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။လိုတိုရှင်းရဲ့ စကားလက်ဆောင် ကော်ာလာဂျင်က အသားအရေ ကျန်းမာစေဖို့ရော၊ အဆစ်တွေ အရိုးတွေ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါ တယ်။ ဒါကြောင့် အသားအရေလှပမှုအတွက် ကော်လာဂျင် မှီဝဲမယ်ဆိုရင်တော့ ကော်လာဂျင်ကို ဖြည့်စွက် အာဟာရတွေ အနေနဲ့ မှီဝဲလို့ ရသလို အခုပြောခဲ့တဲ့ အသီးအနှံလေးတွေကို နေ့စဉ်စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးတာကလည်း နည်းလမ်းကောင်းပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!