- ဖြစ်နေကျ မဟုတ်ဘဲ အရမ်းပင်ပန်းနေတာ၊ အားနည်းနေတာ
- ရုတ်တရက် အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ မအီမသာဖြစ်တာ
- ဗိုက်ထဲက မခံမရပ်နိုင်အောင် အောင့်တာ (အထူးသဖြင့် ဗိုက်ရဲ့ညာဘက်ခြမ်းအပေါ်နား နံရိုးအောက်ဖက်နားလေးက အောင့်တာ)
- ရွှံ့စေးရောင်ဝမ်းတွေ သွားတာ
- အဖျားငွေ့ငွေ့ ရှိနေတာ
- ဆီးအရောင်ရင့်နေတာ (ဆီးတွေ ဝါနေတာ)
- အဆစ်တွေ နာတာ
- မျက်ဖြူသားတွေ ဝါနေတာ
- အရေပြားတွေယားယံတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက သိပ်မပြင်းထန်တဲ့ အနေအထားကနေ ရက်သတ္တပတ် အနည်းငယ်အကြာမှာ သက်သာသွားတတ်ပါတယ်။ တစ်ခါတလေမှာ လအတော်ကြာ အပြင်းဖျားနာတာမျိုးလည်း ရှိနိုင်ပါတယ်။
- ရောဂါဖြစ်ပွားနေတဲ့ နေရာကို မကြာသေးခင်ကာလက သွားခဲ့ဖူးတာ
- ရေဆိုးနုတ်စနစ် အားနည်းတဲ့နေရာတွေဆီ သွားလာခဲ့တာ
- ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ စားသောက်ဆိုင်မှာ စားသောက်ခဲ့ဖူးတာ
- ရောဂါပိုးရှိသူနဲ့ အတူနေခဲ့မိတာ
- ရောဂါပိုးရှိသူနဲ့ အနီးကပ် နေထိုင်နေမိတာမျိုးဆိုရင် ဆရာဝန်နဲ့ သေချာလေး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။
- ရောဂါပိုးရှိသူက ရေအိမ်အဆင်းမှာ လက်တွေကိုသေချာစွာ သန့်စင်ဆေးကြောထားတာမျိုး မရှိတဲ့ လက်နဲ့ ကိုင်တွယ်ထားတဲ့ အစားအစာတွေကို စားသောက်မိတာ
- သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေကို စားမိတာ
- မသန့်ရှင်းတဲ့ သောက်သုံးရေကို သောက်မိတာ
- ရောဂါပိုးရှိတဲ့ ရေနဲ့ဆေးကြောထားတဲ့ အစားအစာတွေကို စားမိတာ
- ညစ်ညမ်းနေတဲ့ ရေပြင်ကနေရတဲ့ ငါးနဲ့ ပင်လယ်စာတွေကို အစိမ်းစားတာ
- ရောဂါပိုးရှိနေပေမယ့် လက္ခဏာမပြတဲ့သူနဲ့ တရင်းတနှီးထိတွေ့မိတာ
- ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာတွေကြောင့်လည်း အသည်းရောင် အသားဝါ အေပိုး ကူးစက်ခံရနိုင်ပါတယ်။
- ရောဂါပိုးဖြစ်ပွားမှုမြင့်နေတဲ့ နေရာကို သွားရောက်လည်ပတ်မိတာ
- အမျိုးသားအချင်းချင်း တွဲမိတာ
- ရောဂါပိုးရှိသူတဲ့ တစ်အိမ်တည်း အတူတူနေနေတာ
- ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံတာ
- HIV ပိုးကူးစက်ခံထားရတာ
- ကြုံရာကျပန်းနေထိုင်နေတာ
- မူးယစ်ဆေးသုံးစွဲနေတာမျိုးတွေက ရောဂါကူးစက်ခံရနိုင်ခြေကို မြင့်တက်စေပါတယ်။
- အသက် ၁ နှစ်ပြည့်ပြီးတဲ့ ကလေးတိုင်း
- ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတိုင်း
- ရောဂါပိုးရှိတဲ့နေရာတွေကို သွားလာနေရသူတွေ
- ကျန်းမာရေးဝန်ထမ်းတွေ
- လိင်တူချစ်သူ (အမျိုးသားများ)
- လိင်လုပ်သားများ
- ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ဆက်ဆံနေရသူတွေ
- မူးယစ်ဆေးသုံးစွဲသူတွေ
- နာတာရှည်အသည်းရောဂါရှိသူတွေ
- ကြိုတင်ကာကွယ်ထားချင်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံပြီး အသည်းရောင်အသားဝါ အေပိုးကို ကာကွယ်ထားလို့ ရပါတယ်။
- သစ်သီးတွေကို ရေဆေး အခွံနွှာပြီးမှ စားသုံးပါ။ ကြိုတင်လှီးစိတ်ထားတာတွေကို မစားပါနဲ့။
- သေချာ မကျက်တဲ့ အသား၊ ငါးတွေမစားပါနဲ့
- အသားစိမ်း ငါးစိမ်းတွေ မစားပါနဲ့
- ရေသန့်ကိုပဲ သောက်ပါ
- သွားတိုက်တဲ့အခါမှာလည်း ရေသန့်ကိုပဲ သုံးပါ
- ရေခဲတွေကို မစားပါနဲ့
- ဖျော်ထားတဲ့ ဖျော်ရည်တွေ မသောက်ပါနဲ့
- ရေသန့်မရှိတဲ့အခြေအနေမျိုးမှာ ရေကို ကျိုချက်သောက်သုံးပါ
- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ
- အစားစားခါနီးတိုင်း လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာဆေးကြောပါ
- ရေအိမ်အဆင်းနဲ့ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့ပြီးတိုင်းမှာလည်းလက်ကို သေချာသန့်စင်ဆေးကြောပါ။
Lotoshin ရဲ့ စကားလက်ဆောင် အသည်းရောင် အသားဝါ အေဆိုတာက ကူးစက်မြန်တဲ့ အသည်းကူးစက်မှုတစ်ခုပါ။ အသည်းရောင် အသားဝါ အေပိုး ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ အသည်းရောဂါတစ်ရပ်ပါ။ အသည်းရောင်တာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ အများကြီး ရှိပြီး ဒီဗိုင်းရပ်စ်တွေက အသည်းကို ရောင်ရမ်းစေတာနဲ့ အသည်းစွမ်းဆောင်ရည် ကျတာကို ဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ ရေတွေ အစားအစာတွေကို စားမိသောက်မိတာ၊ ရောဂါပိုးရှိသူတွေနဲ့ တရင်းတနှီး ထိတွေ့ဆက်ဆံတာ၊ ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုတွေကို မျှဝေသုံးစွဲတာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာ အသည်းရောင် အသားဝါ အေ ပိုးက သူ့အလိုလို သက်သာသွားတတ်ပြီး အသည်းကို ရေရှည် ထိခိုက်စေတာမျိုးတော့ မရှိပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာ ဂရုစိုက်မယ်၊ လက်ကို မကြာခဏ သန့်စင်ဆေးကြောမယ်ဆိုရင် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။ အသည်းရောင် အသားဝါ အေ ကာကွယ်ဆေး ကြိုတင်ထိုးနှံပြီး ကာကွယ်လို့လည်း ရပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!