အာဝါးသီး ကျန်းမာရေးအတွက် ဘာကောင်းသလဲ!
အထွေထွေ

အာဝါးသီး ကျန်းမာရေးအတွက် ဘာကောင်းသလဲ!

Admin

📅 21.06.2024
မီးလေးကင်ပြီး ငပိရည်ကျိုလေးထဲ ထည့်ဖျော်ဖျော်၊ လက်ဖက်လေးနဲ့ နှပ်စားစား စားလို့ကောင်းတဲ့ အာဝါးသီးကို နှစ်နှစ်ခြိုက်ခြိုက် စားဖြစ်နေလား! ဒါဆိုရင်တော့ အာဝါးသီး စားရင် ဘယ်လို ကျန်းမာရေးကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

အာဝါးသီး ဆိုတာ

အာဝါးသီးဆိုတာက ငရုတ်သီး မျိုးရင်းဝင် အသီး တစ်မျိုးပါ။ ခပ်ပွပွနဲ့ အသားထူပါတယ်။ အစပ်အရသာ ပြင်းသလို အနံ့ကလည်း ပုံမှန်သရုတ်သီးထက် ပိုစူးရှပါတယ်။ ကမ္ဘာ့အစပ်ဆုံး ငရုတ်သီး စာရင်းဝင် ငရုတ်သီး တစ်မျိုးပါ။ အာဝါးသီးက မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်သလို အာသန်၊ အာရူနာချိုင် ပရာဒက်ချ်၊ နာဂလန့်ခ် နဲ့ မဏိပူ​ဒေသတွေမှာ အဓိက ပေါက်ရောက်တဲ့ အိန္ဒိယ မျိုးရင်းပင် တစ်မျိုးပါ။ အာဝါးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ! အာဝါးသီးမှာ
  • ဗီတာမင် A
  • ဗီတာမင် B အုပ်စု
  • ဗီတာမင် C
  • အမျှင်ဓာတ်
  • ပိုတက်ဆီယမ်
  • ကစီဓာတ်
  • ပရိုတင်း
  • သံဓာတ်
  • ဇင့်
  • ဖော့စဖရိတ်
  • ကော့ပါး
  • မဂ္ဂနိ့
  • ကယ်လ်ဆီယမ် စတာတွေ ပါဝင်နေပါတယ်။

အာဝါးသီး ကျန်းမာရေးအတွက် ဘာကောင်းသလဲ!

အာဝါးသီး ကျန်းမာရေးအတွက် ဘာကောင်းသလဲ! ဆိုတော့ အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ် အာဝါးသီးက အစပ်ကဲတာ‌ကြောင့် ဗိုက်အောင့်ဗိုက်နာ ဖြစ်စေနိုင်တယ်လို့ ထင်စရာ ရှိပေမယ့် လေ့လာမှုတွေအရ သိရတာကတော့ အာဝါးသီးမှာပါတဲ့ Capsaicinက အစာမကြေတာ၊ ဗိုက်အောင့်တာ၊ လေထိုးလေအောင့်တာကို သက်သာစေနိုင်တယ်ဆိုတာပါ။ ဗိုက်ထဲက ရစ်ရစ်ပြီး နာတာကိုလည်း သက်သာစေနိုင်ပါတယ်။ နှလုံးကျန်းမာစေတယ် အာဝါးသီးက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေလို သွေးကြောတွေ ပိတ်ဆို့တာမျိုးလည်း ဖြစ်နိုင်ခြေ နည်းစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ် အာဝါးသီးက ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုးစေနိုင်လို့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ အဆစ်တွေ နာတာကို သက်သာစေတယ် အာဝါးသီးက ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝနေတာကြောင့် နာကျင်မှုတွေကို သက်သာစေနိုင်စွမ်း ရှိပြီး အဆစ်တွေ ရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ် တိုးတက် ကောင်းမွန်စေတယ် အာဝါးသီးက ကယ်လ်လိုရီတွေကို ပိုမို လောင်ကျွမ်းစေနိုင်သလို ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဝိတ်ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတဲ့ အာဝါးသီးက အရောင်ကျစေနိုင်သလို ကင်ဆာဆဲလ်တွေကို တိုက်ဖျက် ပေးနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အအေးမိ ဖျားနာ သက်သာစေတယ် ဗီတာမင် C ပါဝင်နေတာက အအေးမိ ဖျားနာတာကို သက်သာစေပြီး ကိုယ်ခံအား ကောင်းစေနိုင် ပါတယ်။ ဒါကြောင့် ဖျားနာမှု ကင်းပြီး ကျန်းမာချင်တယ်ဆိုရင် အာဝါးသီးကို စားပေးလို့ ရပါတယ်။ ဓာတ်မတည့်မှု ခံစားရနိုင်ခြေ နည်းစေတယ် အာဝါးသီးက အမျိုးမျိုးသော ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ဓာတ်မတည့်မှုတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးတာကို သက်သာစေတယ် အာဝါးသီးက ပိုးသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ # သတင်းစကား အာဝါးသီးက ကောင်းကျိုးများပေမယ့် အစာအိမ်ရောဂါ ရှိသူတွေအနေနဲ့ အများကြီး စားတာမျိုး မလုပ်သင့်ပါဘူး။ ကလေးငယ်လေးတွေကိုလည်း မကျွေးသင့်ပါဘူး။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!