ဩဇာသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ!
စားလို့ကောင်းတဲ့ ဩဇာသီးမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။ ဩဇာသီး တစ်လုံးမှာ ဒီလို အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ဩဇာသီး (Custard Apple) မှာဘယ်လို ကောင်းကျိုးတွေ ပါဝင်နေသလဲ!
စားလို့ကောင်းတဲ့ ဩဇာသီးမှာ အခုလို ကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။- ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်
- သွေးတိုးကျစေနိုင်တယ်
- အသည်းကျန်းမာစေနိုင်တယ်
- အူလမ်းကြောင်း ကျန်းမာစေတယ်
- ကိုယ်ခံအား ကောင်းစေနိုင်တယ်
- နှလုံးသွေးကြော ကျန်းမာစေနိုင်တယ်
- သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်
ဘေးထွက်ဆိုးကျိုးတွေ ရှိလား!
ဩဇာသီးက အတန်အသင့်ပဲ စားရင် ကျန်းမာရေးကို ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် အများကြီး စားမယ်ဆို ရင်တော့ ကျန်းမာရေး ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာမျိုးက အကောင်းဆုံးပါ။Lotoshinn ရဲ့ စကားလက်ဆောင် ဩဇာသီးက ကျန်းမာရေးအတွက် ကောင်းကျိုး ရှိတယ်ဆိုပေမယ့် အလွန်အကျွံ မစားဖို့ လိုပါမယ်။ နောက်တစ်ချက်က ဩဇာသီးရဲ့ အစေ့က အဆိပ်အတောက်ရှိတာကြောင့် ဩဇာသီး စားတဲ့အခါ အစေ့ကို မစားဖို့တော့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!