ကိုယ်ဝန်ဆောင်ကာလ လေ့ကျင့်ခန်းလုပ်တဲ့အခါ
ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရော ဘေဘီလေးအတွက်ပါ ကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သင့်တော်မယ့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးတာက -- နှလုံး ကျန်းမာစေတယ်
- စိတ်ခံစားမှု ကောင်းစေတယ်
- အင်အားပြည့်ဝစေဖို့ ထောက်ကူပေးတယ်
- ဝမ်းချုပ်တာ သက်သာစေတယ်
- နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်
- ကောင်းကောင်းအိပ်ပျော်စေတယ်
- ကိုယ်ဝန်ဆောင်ဆီးချို ကာကွယ်ပေးတယ်
- သွေးတိုးနိုင်ခြေကို လျှော့ချပေးနိုင်တယ်
ဒီအချက်လေးတွေ သတိထားပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ကျန်းမာစေတယ်ဆိုပေမယ့် တစ်ပတ်ကို မိနစ် ၁၅၀ ထက် မပိုစေဖို့နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ဖို့လည်း လိုပါမယ်။ ခန္ဓာကိုယ် အပူချိန် မြင့်တက်စေနိုင်မယ့် လေ့ကျင့်ခန်းမျိုးတွေကို မလုပ်မိဖို့လည်း လိုပါမယ်။ လေ့ကျင့်ခန်း လုပ်နေချိန်မှာလည်း ရေပြည့်ပြည့်ဝဝ သောက်ဖို့ လိုသလို ပင်ပန်းလာရင် ချက်ချင်းရပ်နားဖို့လည်း လိုပါမယ်။ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးကိုပါ ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်ယောဂ၊ ရေကူးတာ၊ လမ်းလျှောက်တာနဲ့ Pilates လေ့ကျင့်တာမျိုး လုပ်ပေးလို့ ရပါတယ်။Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက မေမေကိုရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေကို လျှော့ချဖို့ရော ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှု လေးတွေကို လုပ်ဆောင်ဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!