ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အာဟာရမပြည့်ဝရင် ဘာတွေ ဖြစ်လာနိုင်မလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အာဟာရလုံလောက်စွာ မစားရတာမျိုး ဖြစ်မယ်။ အစားအစာတွေကို အမျိုးအစား စုံလင်စွာ မစားသုံးမိတာမျိုး ဖြစ်မယ်ဆိုရင်တော့ မိခင်ရော ကလေးမှာပါ အခုလို အကျိုးဆက်တွေ ဖြစ်စေနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုက မေမေမှာ အခုလို ထိခိုက်နိုင်ပါတယ် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစွာ မစားသုံးမိတာက မိခင်မှာ အခုလို ထိခိုက်စေနိုင်ပါတယ်။- သွေးအားနည်းရောဂါ
- သွေးဆိပ်တက်တာ
- သွေးသွန်တာ
အာဟာရ မပြည့်ဝမှုက ဘေဘီလေးမှာ အခုလို ထိခိုက်နိုင်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝစွာ မစားသုံးမိတာက ဘေဘီလေးမှာ အခုလို ထိခိုက်စေနိုင်ပါတယ်။- သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်
- ပေါင်မပြည့်ဘဲ မွေးဖွားနိုင်တယ်
- လမစေ့ဘဲ မွေးဖွားနိုင်တယ်
- ကလေးအသေမွေးနိုင်ခြေ များစေတယ်
- ဖွံ့ဖြိုးမှု နောက်ကျမယ်
- နာတာရှည်ရောဂါ ခံစားရနိုင်ပါတယ်
Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ပြည့်ဝဝ စားပေးတာက မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ အိုင်အိုဒင်း၊ သံဓာတ်၊ ဖောလိတ်၊ ကယ်လ်ဆီယမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်တို့ကို ပြည့်ပြည့်ဝဝ စားသုံးဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!