ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာ ကလေးကို ထိခိုက်စေမလား!
ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာ မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မှာ အလေးအပင်မတာက မေမေရော ဘေဘီလေးမှာပါ အခုလိုထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။- လမစေ့ဘဲမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်
- ပေါင်မပြည့်ဘဲမွေးဖွားတာကို ဖြစ်စေနိုင်ပါတယ်
- ခါးနာတာကို ဖြစ်စေနိုင်ပါတယ်
- အဆစ်တွေနာတာကို ဖြစ်စေနိုင်ပါတယ်
- အူကျွံတာကို ဖြစ်စေနိုင်ပါတယ်
- ကိုယ်ဝန်ပျက်ကျတာကို ဖြစ်စေနိုင်ပါတယ်
- ဝမ်းဗိုက်ကြွက်သားတွေကို ထိခိုက်စေနိုင်တယ်
- ခြေကုန်လက်ပမ်းကျတာကို ဖြစ်စေနိုင်ပါတယ်
Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာက လမစေ့ဘဲ မွေးဖွားတာကို ဖြစ်စေနိုင်သလို ကလေးက ပေါင်မပြည့်ဘဲ မွေးဖွားတာ၊ ခါးနာတာ၊ အရွတ်နာတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် ဗိုက်နာတာ၊ ခန္ဓာကိုယ် ဟန်ချက်မညီတာတွေကြောင့် ကိုယ်တိုင်ကိုရော ဗိုက်ထဲက ကလေးလေးကိုပါ ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင်မတာမျိုးတွေကို မလုပ်မိဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန် တလျှောက်လုံးမှာလည်း ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ရှိလား၊ နာကျင်တာမျိုးတွေ ခံစားနေရလား၊ ညီးစီစီ ဖြစ်တာမျိုး ရှိလားဆိုတာတွေကို သေချာလေး ဂရုစိုက်ဖို့ မေမေတို့ကို မှာချင်ပါတယ် နော်…..
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!