ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာ အဖြစ်များလား!
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ကာလ အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်တွင်းမှာဟော်မုန်းတွေတိုးလာတာ နဲ့အခြားသော ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ ပြောင်းလဲမှုတွေနဲ့ သန္ဓေသားရဲ့ကိုယ်အလေးချိန်တို့ကြောင့် သက်တောင့်သက်သာ မဖြစ်တဲ့ အခြေအနေတွေကို ခံစားရပြီး ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တာကို ခံစားရတာပါ။ ဒီလိုမျိုး အဖက်ဖက်က ပြောင်းလဲမှုတွေကို အသားမကျမှုနဲ့အတူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၄ ဦးမှာ ၁ ဦးနှုန်း (၁၀၀ မှာ ၂၅% ဝန်းကျင်) လောက်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို ခံစားကြရပါတယ်။ဘယ်အချိန်မှာ သက်သာသွားမလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို ခံစားရနိုင်ခြေက ကိုယ်ဝန်လရင့်လာလေလေ ပိုပြင်းထန်လာလေလေ ဖြစ်နိုင်ပါတယ်။ အချို့တွေမှာတော့ ကိုယ်ဝန်ဆောင် ပထမသုံးလပတ် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ချိန်မှာ ခံစားရတာ ပိုပြင်းထန်ပြီး ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ်မှာ သက်သာသွားတတ် ပါတယ်။ ဒါပေမယ့် ဒါက လူနည်းစုသာ ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ ကိုယ်ဝန်ဆောင်ကာလပြီးဆုံးချိန်မှသာ ကောင်းမွန်စွာအိပ်စက်မှုကို ပြန်လည်ရရှိကြတယ်လို့ ဆိုပါတယ်။ အချို့သော ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်ဝန်ဆောင်ကာလ တတတိယသုံးလပတ်အတွင်းမှာ ကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်း မြင့်တက်မှုကြောင့် နှာခေါင်းအတွင်းပိုင်းက တစ်ရှူးတွေရောင်ရမ်းတာကြောင့် အိပ်တဲ့အခါ ဟောက်တာ၊ အိပ်ဟောက်အသက်ရှူရပ်အခြေအနေကို ခံစားရတာနဲ့ သက်တောင့်သက်သာ အိပ်ပျော်စေနိုင်မယ့် အိပ်စက်ပုံအနေအထားမျိုးနဲ့ အိပ်စက်နိုင်ဖို့ ခက်တာကြောင့် ဒီကာလမှာ ကောင်းကောင်း အိပ်ပျော်ဖို့ အတော်လေး ခက်ခဲပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ အိပ်မပျော်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
ကိုယ်ဝန်ဆောင်ကာလမှာ အိပ်မပျော်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိနိုင်ပါတယ်။- ကိုယ်ဝန်ဆောင်ချိန်မှာ မအီမသာဖြစ်တာ
- ဟော်မုန်းပြောင်းလဲတာ
- ဇီဝကမ္မဖြစ်စဉ် တိုးလာတာ၊ နှလုံးခုန်နှုန်းမြန်လာတာ
- ခါးနာတာ၊ ခြေထောက်ကြွက်တက်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ မဖြစ်တာကို ခံစားရတာ
- ဟောက်တာ
- ညဘက်မှာ ဆီးခဏခဏ ထသွားရတာ
- ရင်ပူတာ
- စိတ်ပူပန်မှုများတာ
- ရင်ပူတာ
- အသက်ရှူရပြတ်တောင်းတောင်းဖြစ်တာတွေကို ခံစားရတာကြောင့်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာာက ဘာတွေဖြစ်စေနိုင်လဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေအနေနဲ့ -- ကိုယ်ဝန်ဆိပ်တက်တာ
- လမစေ့ဘဲကလေးမွေးတာ
- ကိုယ်ဝန်ဆောင်ကာလက ပိုကြာတာ
- ခွဲမွေးရတာ
- ကိုယ်ဝန်ဆောင်ဆီးချို
- သွေးတိုးတာ
- စိတ်ဖိစီးမှုများတာ
- စိုးရိမ်စိတ် လွန်ကဲတာ
- မီးတွင်းစိတ်ကျရောဂါကို ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို ဘယ်လိုဖြေရှင်းကြမလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင် အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။- အိပ်ချိန်မှန်မှန် သတ်မှတ်ပါ
- အိပ်စက်ဖို့ သက်တောင့်သက်သာဖြစ်စေမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပါ
- ခေါင်းအုံးတွေအသုံးပြုပါ
- အိပ်ပျော်ဖို့ခက်တာတွေကို ရှောင်ပါ
- မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
- သက်တောင့်သက်သာ ဖြစ်စေမယ့် အလေ့အထတွေကို လုပ်ဆောင်ပေးပါ
- ဘယ်ဘက်ကို စောင်းပြီးအိပ်ပါ
- အာဟာရပြည့်ဝမျှတအောင် စားပါ
Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ်ဝန်ဆောင်ကာလမှာ ကောင်းကောင်းအိပ်ပျော်ဖို့ခက်တာ ကိုယ်ဝန်ဆောင်မေမေ တော်တော်များများ ခံစားရတဲ့ အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်ဖို့ခက်တာကို ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး ခံစားရနိုင်ပြီး နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်မယ်ဆိုရင်တော့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်တာ လိုအပ်တဲ့ ဖြည့်စွက်အာဟာရတွေကို သေချာလေး သောက်သုံးဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!