ကိုယ်ဝန်ဆောင်အိပ်မပျော်ခြင်း ဆိုတာ
ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်တာက အဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ နောက်တစ်ခု ဖြစ်နိုင်တာက အိပ်နေပေမယ့်လည်း ကောင်းကောင်း အိပ်မပျော်ဘဲ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာ၊ ဇီဝကမ္မဖြစ်ပျက်မှုနှုန်း ပြောင်းလဲတာ၊ ခန္ဓာကိုယ် အခြေအနေ ပြောင်းလဲတာတွေက သက်တောင့်သက်သာနဲ့ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်ပါတယ်။ ညဘက်မှာ အိပ်ရေးပျက်များတာက ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကိုရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက် အနေနဲ့ တစ်ညတာကို ပျမ်းမျှ ၇ နာရီ ကနေ ၉ နာရီလောက် အိပ်စက်ဖို့ လိုပါမယ်။ https://lotoshinnlifestyle.com/sleep-disturbances-in-pregnancy/ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ စားပေးသင့်တာလေးများ
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းပေးနိုင်မှာ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်ပြီး မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာကို သက်သာစေဖို့ ဘယ်လို အစားအစာလေးတွေကို စားသုံးပေးသင့်လဲဆိုတာကို မျှဝေပေး ပါရစေ။- နှံစားသီးနှံတွေ
- အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
- အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ
- နို့နဲ့နို့ထွက်ပစ္စည်းတွေ
- အဆီနည်းပရိုတင်း
- သစ်သီးများ
- ဆေးဖက်ဝင် ရေနွေးကြမ်းများ
Lotoshinn ရဲ့ စကားလက်ဆောင် ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန်တွေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အာဟာရ လုံလောက်အောင် စားဖို့ လိုသလို ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် ရရှိစေဖို့လည်း လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ဆိုရင်တော့ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D၊ tryptophan နဲ့ Omega-3 Fatty Acid ကြွယ်ဝတဲ့ အစားအစာလေးတွေကို နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!