တစ်လတည်း ရာသီသုံးကြိမ်လာရတာ ဘာကြောင့်များလဲ!
ကျန်းမာတဲ့ လေဒီလေး တစ်ယောက်အနေနဲ့ ၂၁ ရက် တစ်ကြိမ် ဒါမှမဟုတ် ၃၅ ရက်မှာ တစ်ကြိမ် ရာသီသွေးပေါ်တတ်ပါတယ်။ ဒါက ပုံမန်အခြေအနေပါပဲ။ သဘောကတော့ တစ်လရဲ့ လအစပိုင်းလောက်မှာ တစ်ကြိမ်၊ လကုန်ခါနီးပိုင်းလေးမှာ တစ်ကြိမ် တစ်လတည်းမှာတင် ရာသီ နှစ်ကြိမ်လာတာမျိုး ဖြစ်နိုင်တယ်ဆိုတာမျိုးပါ။ ဒီအခြေအနေက ပုံမှန်ပဲဆိုပေမယ့် ဆယ်ရက်ခြားတစ်ခါ ရာသီလာတာမျိုး၊ တစ်လတည်းကို သုံးကြိမ်လောက် ရာသီလာတာမျိုးကတော့ ပုံမှန် မဟုတ်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရပါမယ်။ ဒီလို ဖြစ်စေတာက ခန္ဓာကိုယ်မှာ မကျန်းမာနေဘူးဆိုတာကို ဖော်ပြနေတဲ့ အချက်ပြလက္ခဏာဖြစ်နိုင်ပါတယ်။ လေဒီလေးတွေမှာ တစ်လတည်း ရာသီသုံးကြိမ်လာနေရတာက အခုလို အကြောင်းရင်းခံလေးတွေကြောင့် ဖြစ်နိုင်ပါတယ်။- ဟော်မုန်း မညီမျှတာ
- ကျန်းမာရေးပြဿနာ ရှိနေတာ
- စိတ်ဖိစီးမှု များလွန်းနေတာ
- နေထိုင်မှုပုံစံ
- ဆေးဝါးတွေ
- သွေးဆုံးခါနီးတာ
- သားဆက်ခြားနည်းတွေ
- လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါ ကူးစက်ခံရတာ
ဘာလုပ်သင့်လဲ!
တစ်လတည်းမှာ ရာသီသွေးဆင်းတာ ၂ ကြိမ်ကျော်တာမျိုး ဖြစ်လာပြီဆိုရင် ရာသီသွေးဆင်းတဲ့ရက်၊ ဘယ်လောက်ကြာကြာ ရာသီသွေးဆင်းသလဲဆိုတာနဲ့ ရာသီသွေးဆင်းများသလား၊ သွေးခဲတွေပါနေသလား၊ နာကျင်ကိုက်ခဲတာ၊ အနံ့ဆိုးတာမျိုးတွေ ရှိလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ ဒီလက္ခဏာတွေ ရှိနေမယ်။ ရာသီသွေးဆင်းတာ ၂ ကြိမ်ကျော်တာမျိုးက ၂ လဆက်တိုက်လောက် ဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။Lotoshinn ရဲ့ စကားလက်ဆောင် ပုံမှန်ထက် ရာသီသွေးဆင်းများတာ၊ သွေးဆင်းရက်ရှည်တာက သွေးအားနည်းတာနဲ့ အခြားသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် အကြောင်းရင်းခံကို သေချာသိရှိပြီး ကုသနိုင်ဖို့အတွက် လိုအပ်တဲ့ စစ်ဆေးကုသမှုကို မြန်နိုင်သမျှ မြန်မြန် ခံယူဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!