ဒီဇင်ဘာလဖွား သားသားမီးမီးများရဲ့ သူမတူတဲ့ စွမ်းရည်လေးတွေ
အထွေထွေ

ဒီဇင်ဘာလဖွား သားသားမီးမီးများရဲ့ သူမတူတဲ့ စွမ်းရည်လေးတွေ

Admin

📅 11.06.2024
နှစ်တစ်နှစ်ပြီးလို့ နှစ်သစ်ကို ကူးပြောင်းတော့မယ့် ကာလလေး တစ်ခုဖြစ်သလို တစ်နှစ်တာရဲ့ နောက်ဆုံးလဆိုလည်း မမှားပါဘူး။ ဒီလိုကာလမှာ ပျော်ရွှင်စရာအငွေ့အသက်တွေနဲ့ ပြည့်စုံနေတတ်ပြီး ဆောင်းရာသီရဲ့ လှပမှုတွေနဲ့လည်း ပြည့်စုံနေတတ်ကြပါတယ်။ ဒီလို လှပမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇင်ဘာလမှာ မွေးဖွားလာမယ့် သားသားမီးမီးလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေ သူမတူတဲ့ စွမ်းရည်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဇင်ဘာလဖွား သားသားမီးမီးများရဲ့ သူမတူတဲ့ စွမ်းရည်လေးတွေ

ဒီဇင်ဘာလဖွား သားသားမီးမီးများရဲ့ သူမတူတဲ့ စွမ်းရည်လေးတွေ ကတော့
  • ဖိုးသက်ရှည် ဖွားသက်ရှည်လေးတွေပါ
ဒီဇင်ဘာလမှာ မွေးဖွားတဲ့ ကလေးလေးတွေက အခြားသောလတွေမှာ မွေးဖွားကြတဲ့ ကလေးလေးတွေထက် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ခံစားရနိုင်ခြေ နည်းပြီး အသက်လည်း ရှည်ကြပါတယ်တဲ့။ အေးမြတဲ့ ရာသီမှာ မွေးဖွားကြတဲ့သူတို့လေးတွေက ဖိုးသက်ရှည် ဖွားသက်ရှည်လေးတွေ ဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများလို့ နေပါတယ်။
  • နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းတတ်ကြသူလေးတွေပါ
ပျော်ပျော်နေတတ်ကြသူ အများစုက ဒီဇင်ဘာလမှာ မွေးဖွားကြတာပါတဲ့။ ဒီဇင်ဘာလရဲ့ အေးမြမှုနဲ့အတူ လူ့လောကထဲကို ရောက်ရှိလာတဲ့ သားသားမီးမီးလေးတွေက ပြဿနာတွေ အခက်အခဲတွေကို ကောင်းကောင်း ကျော်လွှားတတ်ကြပြီး အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်ကြပါတယ်တဲ့။
  • အားကစား ဝါသနာ ထုံကြသူလေးတွေပါ
အားကစားလဖြစ်တဲ့ ဒီဇင်ဘာလမှာ မွေးဖွားကြတဲ့ သားသားမီးမီးလေးတွေက လေ့ကျင့်ခန်း လုပ်ရတာကို နှစ်သက်ကြသလို အားကစားလုပ်ရတာကိုလည်း အတော်လေး သဘောကျကြပါတယ်။
  • ကျန်းမာလှပတဲ့ သွားပိုင်ရှင်လေးတွေပါ
 ဒီဇင်ဘာလဖွားလေးတွေရဲ့ နောက်ထပ် ထူးခြားချက် တစ်ခုက သွားလှလှလေးတွေကို ပိုင်ဆိုင်ထားတာပါ။ နောက်ပြီး ဒီလမှာ မွေးဖွားတဲ့ ကလေးလေးတွေဟာ အခြားလဖွားလေးတွထက် သွားတွေကို ပိုဂရုစိုက်တတ်ကြပါတယ်။
  • အရာရာကို အကောင်းမြင်တတ်ကြသူလေးတွေပါ
ဒီဇင်ဘာလဖွားလေးတွေက အရာရာကို အကောင်မြင်တတ်ကြပြီး စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေလည်း နည်းပါတယ်။ ပျော်ပျော် နေတတ်တဲ့ အကျင့်ကြောင့် မကောင်းတဲ့ စိတ်ခံစားချက်တွေကိုလည်း  မြန်မြန်လေး ဖြေဖျောက်တတ်ကြပါတယ်။
  • ရဲရင့်ကြသူလေးတွေပါ
စိတ်အားထက်သန်မှု ပြင်းထန်ပြီး အရာရာကို ရဲရဲရင့်ရင့် ဆောင်ရွက်တတ်သူလေးတွေက ဒီဇင်ဘာလဖွားလေးတွေပါ။
  • ဦးဆောင်နိုင်စွမ်းကောင်းကြသူလေးတွေပါ
ပင်ကိုဗီဇအရ ဦးဆောင်နိုင်စွမ်းကောင်းကြသလို ခေါင်းဆောင်ကောင်းတွေဆိုလည်း မမှားပါဘူး။ အရာရာကို ဦးဆောင်နိုင်စွမ်း ကောင်းကြပါတယ်။
  • ဓာတ်မတည့်တာ ခံစားရနိုင်ခြေ များကြပါသတဲ့
အကောင်းများထဲမှာ အဆိုးတစ်ချက်ကတော့ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ များတယ်ဆိုတာပါ။ အစားဓာတ်မတည့်မှုကစလို့ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ်။  ဒီဇင်ဘာလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကလေးတစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းအရွယ်ရောက်လာစေဖို့ မွေးရာပါ ဗီဇအပြင် ပျိုးထောင်မှုကလည်း အများကြီး သက်ရောက်နေပါတယ်။ ဒါကြောင့် ကလေးရဲ့ ဗီဇကို သိရှိပြီး အကောင်းဆုံး ပျိုးထောင်နိုင်ကြပါစေ မေမေဖေဖေတို့ရေ ............

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!