ပထမဆုံးအကြိမ် ရာသီလာတော့မယ်ဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ!
ပထမဆုံးအကြိမ်ရာသီလာတော့မယ်ဆိုရင် အပျိုဖော်ဝင်တာကို ပြသတဲ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ခံစားရပါတယ်။ ဒီလို ပြောင်းလဲမှုတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအနေနဲ့ ရင်သားပြောင်းလဲမှုတွေကစလို့ ဆီးခုံမွေးတွေ၊ ချိုင်းမွေးတွေထွက်လာတာမျိုးတွေနဲ့ မိန်းမကိုယ်ကနေ အဖြူရောင် ဒါမှမဟုတ် အဝါရောင် အကျိအချွဲလေးတွေ ဆင်းတာမျိုးလည်း တွေ့ရနိုင်ပါတယ်။ အချို့သူတွေမှာတော့ နာကျင်ကိုက်ခဲတာ၊ လေပွတာ၊ စိတ်အတက်အကျမြန်တာ၊ ခေါင်းကိုက်တာ၊ ခြေကုန်လက်ပမ်းကျတာ နဲ့ ဝက်ခြံပေါက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။- ရင်သားတွေ ပြောင်းလဲလာမယ်
- ချိုင်းမွေးတွေထွက်လာမယ်
- ဆီးခုံမွေးတွေ စထွက်လာမယ်
- အဖြူဆင်းသလို အကျိအချွဲတွေ ဆင်းမယ်
- ဟော်မုန်းပြောင်းလဲမယ်
- ဝက်ခြံတွေ ထွက်လာမယ်
- ဗိုက်အောင့်မယ်
- ခြေကုန်လက်ပမ်းကျမယ်
- ခေါင်းကိုက်မယ်
Lotoshinn ရဲ့ စကားလက်ဆောင် ရာသီလာတော့မယ်ဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်တာကြောင့် ဒီလို ကာလမှာ ကလေးကို အာဟာရပြည့်ဝအောင် ကျွေးပေးတာ၊ အိပ်ရေးဝဝ အိပ်စေတာ၊ လိုအပ်တဲ့ ဖြည့်စွက်အာဟာရတွေကို ပြင်ဆင်ပေးတာမျိုးတွေကို လုပ်ပေးဖို့ လိုပါမယ်။ နောက်တစ်ချက်ကတော့ ရာသီလာချိန်မှာရော ပုံမှန်နေ့ရက်တွေမှာပါ လေဒီလေးတိုင်း လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကို သေချာလေး ပြောပြသင်ကြားပေးဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!