ဘေဘီလေးကို ချစ်ရင် အာဘွားမပေးမိပါစေနဲ့!
အထွေထွေ

ဘေဘီလေးကို ချစ်ရင် အာဘွားမပေးမိပါစေနဲ့!

Admin

📅 24.09.2025
ကလေးလေးတွေကို နမ်းတာက ချစ်ခင်ခြင်း သရုပ်သကန်ပါဆိုပေမယ့် ငယ်ရွယ်နုနယ်လွန်းတဲ့ ကလေးတွေကို အာဘွားမပေးတာကတော့ အကောင်းဆုံးပါ။ ကလေးကို ချစ်လို့ နမ်းလိုက်တာက ကလေးမှာ ထိခိုက်မှုတွေ အများကြီး ဖြစ်စေနိုင်တာကြောင့်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ပြီး ရှင်းပြပေးသွားပါမယ်။ 

ဘေဘီလေးကို ချစ်ရင် အာဘွားမပေးမိပါစေနဲ့! 

ဘေဘီလေးကို ချစ်ရင် အာဘွားမပေးမိပါစေနဲ့! ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာက ငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို ချစ်လို့ဆိုပြီး နမ်းလိုက်တာက ဘာမှ မဖြစ်လောက်ဘူးလို့ ထင်စရာ ရှိပေမယ့် ဘေဘီလေးမှာ အခုလို ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ 
  • ရေယုန်ဖြစ်စေနိုင်တယ်
ကလေးကို ချစ်လို့ဆိုပြီး နမ်းလိုက်တာက လူကြီးရဲ့ ပါးစပ်ကနေတဆင့် ဒမှမဟုတ် ပါးစပ်တဝိုက် အရေပြားမှာ ရှိနေတဲ့  herpes simplex virus (HSV-1) လို့ သိကြတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ပါးစပ်မှာ အနာတွေ ဖြစ်စေနိုင်ပါတယ်။  ဒီဗိုင်းရပစ်က လူကြီးတွေအတွက် မသိသာပေမယ့် မွေးကင်းစ ဘေဘီလေးတွေအတွက်ကတော့ ဦးနှောက်ဆီနဲ့ အခြားအင်္ဂါတွေဆီကို ဗိုင်းရပ်စ်တွေ ရောက်ရှိသွားပြီး ပြင်ထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။  ဒါကြောင့် ကလေးကို ပြင်းထန်တဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှု ကင်းစေဖို့ အာဘွားမပေးဖို့ လိုပါမယ်။ 
  • အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေ ခံစားရစေနိုင်တယ်
ကလေးတွေကို အာဘွားပေးတာက RSV  (Respiratory Syncytial Virus) ကူးစက်ခံရနိုင်သလို တုပ်ကွေးလိုမျိုး အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရော့ါတွေကို ခံစားရစေနိုင်ပါတယ်။ တုပ်ကွေးက အသက်၁ နှစ်မပြည့်သေးတဲ့ ကလေးတွေကို အများဆုံး ထိခိုက်မှုဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်းကတဆင့် ဝင်ရောက်ကူးစက်တတ်တဲ့ ရောဂါပိုးတွေ က  တံထွေး၊ နှာခေနေတုန်းမှာ ထွက်လာတတ်တဲ့ အမှုန်တွေနဲ့ ကလေးကို နှမ်းလိုက်ချိန်မှာ ပါးစပ်ထဲက ထွက်လာမယ့် တံထွေး အစအနလေးတွေကနေတဆင့်လည်း ကလေးကို ကူးစက်နိုင်ပါတယ်။ 
  • ဘက်တီးရီးယားတွေနဲ့ ထိတွေ့စေနိုင်တယ်
ကလေးကို နမ်းတာက ပါးစပ်ထဲမှာ ရှိနေတဲ့ ကလေးကို ထိခိုက်စေနိုင်တာရော၊ မထိခိုက်စေတာရောစတဲ့ အမျိုးမျိုးသော ဘက်တီးရီးယားတွေကို ကလေးနဲ့ ထိတွေ့မိစေပြီး ကိုယ်ခံအားပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ဘေဘီလေးတွေကို အရေပြားနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်တဲ့ ဘကတီးရီးယားတွေ ကူးစက်ခံရနိုင်ပါတယ်။ 
  • ခြေ-လက်-ပါးစပ်ရောဂါနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ
ခြေ-လက်- ပါးစပ်ရောဂါက ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတစ်ခုပါ။ ဆံထွေးတွေကနေ တဆင့် ကူးစက်တတ်ပြီး အရွယ်ရောက်နေတဲ့ ကလေးတွေနဲ့ လူကြီးတွေမှာ ပြင်းထန်တာမျိုး မရှိပေမယ့် ဘေဘီလေးတွေနဲ့ မွေးစကလေးတွေမှာ  ပြင်းထန်စွာ ထိခိုက်နိုင်ပါတယ်။  ဘေဘီလေးတွေမှာ ခြေ-လက်-ပါးစပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် ကလေးမှာ အဖျားဝင်တာ၊ အရေပြားနီမြန်းရောင်ရမ်းတာနဲ့ ပါးစပ်ထဲမှာ အနာတွေဖြစ်တာမျိုးတွေ ဘေဘီလေးတွေမှာ ဖြစ်စေနိုင်ပါတယ်။ 
Lotoshinn ရဲ့ စကားလက်ဆောင် ဘေဘီလေးတွေကို ချစ်လို့ နမ်းတာက ပါးစပ်တွေ၊ နှုတ်ခမ်းတွေကို နမ်းမယ်ဆိုရင် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်မှုကို ဖြစ်စေပြီး အဆိုးဆုံးအနေနဲ့ ကလေးကို အသက်အန္တရာယ် ထိခိုက်စေတာမျိုးအထိ ဖြစ်စေနိုင်လို့ ဒီနေရာကနေ သတိပေးချင်တာက ကလေးကို ချစ်ရင် နမ်းရှုတ်တာ အာဘွားပေးတာမျိုးတွေ မလုပ်ပါနဲ့။ ကလေးနဲ့ ကလေးရဲ့ အသုံးအဆောင်တွေကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ခင်မှာ လက်တွေကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး သေချာလေး သန့်စင်အောင် ဆေးကြောပေးဖို့ သတိလေးပေးချင်ပါတယ် မေမေဖေဖေတို့ရေ ……..

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!