မိန်းမကိုယ်လေးက အဓိက ဘာတွေ လုပ်ဆောင်ပေးတာလဲ!
မိန်းမကိုယ်လေးက ရုတ်တရက် ကြည့်လိုက်ရင် ဆီးသွားဖို့အတွက်နဲ့ အပျိုဖော်ဝင်ချိန်မှာ ရာသီလာဖို့အတွက် လို့ပေါ့။ တကယ်ကတော့ မျိုးဆက်ပွားဖို့အတွက်လည်း အရေးကြီးပါတယ်။ မိန်းမကိုယ် သန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ပြီး ကျန်းမာအောင် ထားမယ်ဆိုရင် အနံ့ဆိုးထွက်ရှိမှု ကင်းစင်တာကစလို့ အိမ်ထောင်ရေးသုခကို ပြည့်ဝစေတာအထိ အထောက်အကူ ရရှိစေမှာပါ။မိန်းမကိုယ်လေး သန့်ရှင်းကျန်းမာဖို့ ဘာကြောင့် အရေးကြီးသလဲ!
မိန်းမကိုယ်လေးကို သန့်ရှင်းကျန်းမာအောင် ထိန်းသိမ်းတာက စိတ်ရောကိုယ်ပါ ကျန်းမာဖို့ အရေးကြီးသလို နေ့စဉ်ဘဝမှာ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်ဖို့လည်း အရေးကြီးပါတယ်။- ရောဂါပိုး ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်
- pH Balance ထိန်းညှိပေးတယ်
- မျိုးဆက်ပွားစနစ် ကျန်းမာစေတယ်
- အိမ်ထောင်ရေးသုခ ပြည့်ဝစေတယ်
- စိတ်အနှောင့်အယှက်ဖြစ်တာကို ကင်းစေတယ်
မိန်းမကိုယ် သန့်စင်ကျန်းမာဖို့ သတိထားသင့်တဲ့ အချက်များ
မိန်းမကိုယ် သန့်စင်ကျန်းမာစေဖို့ဆိုရင် ဒီအချက်လေးတွေကို ပုံမှန် လိုက်နာဖို့ လိုပါမယ်။- ပုံမှန် သန့်စင်ဆေးကြောပါ
- အတွင်းပိုင်းထိသန့်စင်ဆေးကြောတာမျိုး မလုပ်ပါနဲ့
- ရှေ့ကနေ နောက်ကို ဆွဲယူတဲ့ပုံစံနဲ့ သန့်စင်ပေးပါ
- လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံ ရွေးချယ်ပါ
- ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ရွေးချယ်ပါ
- ပုံမှန် မဟုတ်တဲ့ အခြေအနေတွေ ခံစားရချိန်မှာ ဆရာဝန်နဲ့ ဆွေးနွေးပါလေဒီလေးတွေ
Lotoshin ရဲ့ စကားလက်ဆောင် လေဒီလေးတစ်ယောက် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့နဲ့ ရာသီလာချိန်တိုင်းမှာရော နေ့စဉ်ဘဝမှာပါ ယုံကြည်မှုပြည့်ဝစေဖို့ မိန်းမကိုယ်ကျန်းမာရေးကို သေချာလေး ဂရုစိုက်ဖို့လိုသလို သန့်ရှင်းရေးကိုလည်း သေချာ လိုက်နာလုပ်ဆောင်ဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!