မိန်းမကိုယ် ပိုးဝင်တာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ!
အထွေထွေ

မိန်းမကိုယ် ပိုးဝင်တာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ!

Admin

📅
မိန်းမကိုယ် ပိုးဝင်တာ မှိုပိုးကူးစက်တာက များသောအားဖြင့်ကတော့ မှိုပိုး ကူးစက်တာကြောင့်ပါ။ မှိုပိုးကူးစက်တာကို အများဆုံး ဖြစ်စေတဲ့ အရာကတော့ Candida albicans လို့ခေါ်ဆဲ့ မှိုပိုးကူးစက်ခံရတာကြောင့်ပေါ့။ မိန်းမကိုယ် ပိုးဝင်တဲ့အခါ မိန်းမကိုယ်တဝိုက်က ယားယံတာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ အဖြူဆင်းသလို အကျိအချွဲတွေ ဆင်းတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ မိန်းမကိုယ် ပိုးဝင်တာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ?တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ တစ်ကိုယ်ရေ သန့်ရှင်းကို ဂရုစိုက်တာ၊ ရေအိမ် သုံးပြီးချိန်မှာ အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးတာက ဘက်တီးရီးယားတွေ မိန်းမကိုယ်ထဲ ဝင်ရောက်ပြီး မိန်းမကိုယ်ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ?ချည်သားအတွင်းခံလေးတွေ ဝတ်ပါ အတွင်းခံက ချွေးမစုပ်ဘူးဆိုရင် စိုထိုင်းဆ များပြီး မိန်းမကိုယ် မှိုပိုးဝင်တာ၊ ဘက်တီးရီးယား ဝင်ရောက် ကူးစက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ် မှိုပိုးဝင်တာ ကာကွယ်ဖို့အတွက် ချည်သား အတွင်းခံ ဝတ်ဆင်ပါ။ ?အမွှေးနံ့ပါတဲ့ လစဉ်သုံးတွေ စပရေးတွေ မသုံးပါနဲ့ အမွှေးနံ့ပါတဲ့ လစဉ်သုံးတွေနဲ့ စပရေးတွေ သုံးတာက  မိန်းမကိုယ်မှာ ရှိတဲ့ မှိုပိုးနဲ့ ဘက်တီးရီးယားတွေရဲ့ ပမာဏကို ဟန်ချက်ပျက်စေပြီး မိန်းမကိုယ် ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမွှေးနံ့ပါတဲ့အရာတွေကို ရှောင်ပါ။ ?မိန်းမကိုယ် အတွင်းထဲကို ဆေးကြောတာမျိုး ရှောင်ပါ သန့်ချင်လွန်းဇောကြီးပြီး မိန်းမကိုယ်အတွင်းပိုင်းထဲအထိ ဆေးတာမျိုးက မိန်းမကိုယ်ရဲ့ pH ပမာဏကို ဟန်ချက်ပျက်စေပြီး မိန်းမကိုယ် ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ?အစားအသောက် ဂရုစိုက်ပါ အစားအသောက်ကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတာကလည်း မိန်းမကိုယ် မှိုပိုးဝင်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ?အိပ်ရေးဝဝအိပ်ပါ ညတိုင်းမှာ အိပ်ရေးဝဝ အိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး မိန်းမကိုယ် မှိုပိုးဝင်တာကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ?မိန်းမကိုယ်ကို ခြောက်သွေ့ သန့်ရှင်းအောင် ထားပါ မိန်းမကိုယ်မှာ စိုထိုင်းဆ ကင်းတာက မိန်းမကိုယ် ကျန်းမာစေဖို့ရော ပိုးဝင်တာကို ကာကွယ်နိုင်ဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ် ပိုးဝင်တာကို ကာကွယ်ချင်တယ်ဆိုရင် မိန်းမကိုယ်ကို ခြောက်သွေ့ သန့်ရှင်းအောင် ထားပါ။ အခုပြောပြခဲ့တဲ့ နည်းလမ်လေးတွေနဲ့ မိန်းမကိုယ် ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်လိုက်ပါ။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!