ဘယ်လို အခြေအနေက မိန်းမကိုယ် ယားယံတာကို ဖြစ်စေတာလဲ!
ဒီအချက်တွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။- မိန်းမကိုယ်တဝိုက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာမှုကြောင့်
- မှိုပိုးတွေဖြစ်ပေါ်လာမှုကြောင့်
- ကပ်ပါးပိုးတွေရှိနေတာ
- ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်းပမာဏ ကျဆင်းနေမှုကြောင့် မိန်းမကိုယ်က တစ်ရှူးတွေခြောက်သွေ့နေတာ
- သွေးဆုံးအကြိုလက္ခဏာ
- တင်းကျပ်လွန်းတဲ့ အတွင်းခံတွေ ဝတ်ဆင်တာတွေကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။
မိန်းမကိုယ် ယားယံတာကြောင့် စိတ်ညစ်နေပြီလား
မိန်းမကိုယ် ယားယံတာကြောင့် စိတ်ညစ်နေပြီလား .... မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့ဆိုရင်- ရေများများသောက်ပေးပါ
- ဒိန်ချဉ် စားပေးပါ
- သန့်စင်တဲ့ ရေအေးအေးနဲ့ ဆေးကြောပေးပါ
- ရေခဲဝတ်ကပ်ပေးပါ
- အဝတ်အစားတွေကို ချောင်ချောင်ချိချိ ဝတ်ပေးပါ
- ချည်သားကိုဝတ်ဆင်ပေးပါ
- ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့
- အစိုဓာတ်ထိန်းပစ္စည်း တစ်ခုခုသုံးပေးပါ
- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ
Lotoshinn ရဲ့ စကားလက်ဆောင် မိန်းမကိုယ် ယားယံတာက လေဒီလေးတွေကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ပြီး လေဝင်လေထွက် ကောင်းစေဖို့ ချည်သား ပွပွချောင်ချောင်လေး ဝတ်ဆင်ပေးတာမျိုးတွေ လုပ်ပေးရင်း မိန်းမကိုယ် ကျန်းမာရေးကို ဂရုစိုက်ပေးလို့ ရပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!