ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးသလား!
ရာသီလာချိန်မှာ ကိုယ်တွင်းရေဓာတ်ခမ်းခြောက်တာက နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်သလို စိတ်ခံစားမှုအပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့ ဂရုစိုက်ပေးသင့်ပါတယ်။ ရာသီလာချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့ ရေကို လုံလောက်အောင်သောက်ပေးလို့ ရသလို အခြားသော သကြားမစွက်ထားတဲ့ သဘာဝသစ်သီးဖျော်ရည်လေးတွေကိုလည်း သောက်ပေးလို့ ရပါတယ်။ ဒီလိုမျိုး ရေဓာတ်ပြည့်ဝအောငါ သောက်ပေးတာက -- နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်
- လေပွတာကို သက်သာစေတယ်
- သွေးစီးဆင်းမှု ကောင်းစေတယ်
- ရာသီအကြိုလက္ခဏာတွေ သက်သာစေတယ်
- ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေတယ်
Lotoshinn ရဲ့ စကားလက်ဆောင် ရာသီလာနေချိန်မှာ တစ်နေ့ကို အနည်းဆုံး ရေ ၁ လီတာ ခွဲကနေ ၂ လီတာလောက် သောက်ပေးပါ။ ရာသီလာနေစဉ် ရေဓာတ်ပြည့်ဝစေဖို့ ရေ၊ ရေကျက်အေး၊ အုန်းစိမ်းရည်စတာတွေကို သောက်ပေးလို့ ရသလို အရည်ရွှမ်းတဲ့ သဘာဝ အသီးအနှံလေးတွေကို စားပေးလို့လည်း ရပါတယ်။ ရာသီလာချိန်မှာ ရေကို လုံလောက်အောင် သောက်ပေးမယ်။ အိပ်ရေးဝဝလေးလည်း အိပ်မယ်။ အာဟာရပြည့်ဝအောင်လည်း စားသုံးမယ်ဆိုရင် ရာသီလာနေတဲ့ နေ့ရက်တွေကို သာမန်နေ့ရက်တွေလိုပဲ စိတ်လက်ပေါ့ပါးစွာနဲ့ ဖြတ်သန်းနိုင်မှာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!