ရာသီလာချိန်မှာ သောက်ပေးသင့်တာလေးများ
ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဖို့ သောက်ပေးသင့်တာလေးတွေကတော့ -- သောက်ရေ
- သင်္ဘောသီးဖျော်ရည်
- ချင်း (ဂျင်း) ရေနွေး
- နာနတ်သီး ဖျော်ရည်
- ပန်းသီး၊ တရုတ်နံနံ ဖျော်ရည်
- ကွေကာအုတ်
# ဒါလေးတွေကို ရှောင်ပေးပါ
ရာသီလာချိန်မှာ အခုပြောတဲ့ သောက်စရာလေးတွေကိုတော့ ရှောင်ပေးစေလိုပါတယ်။- အချိုရည်တွေ - အားအင်ကုန်ခမ်းစေပြီး ခြေကုန်လက်ပမ်းကျတာကို ပိုဆိုးစေနိုင်လို့ပါ။
- ကဖင်းပါတဲ့ သောက်စရာတွေ - လေပွတာ၊ အစာခြေစနစ်ပြဿနာတွေ ခံစားရနိုင်လို့ပါ။
- ဆိုဒါနဲ့ သကြားကဲတဲ့ သောက်စရာတွေ - လေပွစေနိုင်လို့ပါ။
- အရက် - ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို ပိုဆိုးစေနိုင်လို့ပါ။
- ချောကလက်ပူပူ (သကြားစွက်ထားတာ) - သကြားပါဝင်မှုများရင် လေပွတာကို ပိုဆိုးစေနိုင်လို့ပါ။
Lotoshinn ရဲ့ စကားလက်ဆောင် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို ရေနွေးအိမ်ကပ်ပေးတာ၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်တာလိုမျိုး လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ရသလို အခုပြောခဲ့တဲ့ သောက်စရာလေးတွေကို သောက်ပေးလို့လည်း ရပါတယ်။ တကယ်လို့ နေထိုင်စားသောက်မှုကို သေချာဆင်ခြင်နေပါရက် နာကျင်မှုက ပိုဆိုးတာ၊ ပုံမှန်ထက် ပြင်းထန်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!