ရာသီလာချိန်မှာ အစားစားချင်စိတ်မရှိတာက ပုံမှန်ပဲလား!
ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာက ရာသီအကြိုကာလနဲ့ ရာသီလာချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ အကြောင်းကတော့ ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းအလဲဖြစ် တာကြောင့် လေပွတာ၊ ဆီးစပ်ကိုက်တာတွေကို ခံစားရနိုင်သလို စားသောက်မှုပုံစံပြောင်းလဲတာမျိုးလည်း ရှိပါတယ်။ ရာသီလာချိန်မှာ ဗိုက်ခဏခဏ ဆာတာမျိုး ခံစားရနိုင်သလို ရာသီလာချိန်မှာ ဘာမှ စားချင်စိတ် မရှိတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ ဒါကပုံမှန်ပဲလို့ ဆိုချင်ပါတယ်။ https://lotoshinnlifestyle.com/menstrual-pain-relief-drinks/ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာကို ခံစားရတဲ့ အကြောင်းအရင်း
ရာသီလာချိန်မှာ အစားစားချင်စိတ် မရှိတာကို ခံစားရနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ ဒါတွေကတော့- ဟော်မုန်း အပြောင်းအလဲဖြစ်တာ
- ဗိုက်ပွနေတာ၊ ဗိုက်အောင့်နေတာ
- ခြေကုန်လက်ပမ်းကျတာ
- စိတ်ဖိစီးနေတာ
ဘယ်လိုသက်သာအောင် လုပ်မလဲ!
ရာသီလာချိန်မှာ ခန္ဓာကိုယ်မှာ ခံစားရတဲ့ အခြေအနေတွေကြောင့် စားသောက်မှုပုံစံ ပြောင်းလဲတာ၊ အစားစားချင်စိတ် ပျောက်ဆုံးသွားတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေကို သက်သာစေဖို့ဆိုရင် -- ရေလုံလောက်အောင် သောက်ပါ
- နည်းနည်းချင်းစီနဲ့ ခဏခဏ စားပေးပါ
- အစာကြေလွယ်တာမျိုး ရွေးစားပါ
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
- အိမ်တွင်းကုထုံးလေးတွေ လုပ်ဆောင်ပါ
- စိတ်ဖိစီးမှုကို ဖြေလျော့ပါ
Lotoshinn ရဲ့ စကားလက်ဆောင် တကယ်လို့ ရာသီလာချိန်မှာ အစားစားချင်စိတ် ပျောက်ဆုံးတာကို သက်သာစေဖို့ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ပေမယ့် မသက်သာတာမျိုး၊ ခံစားရတာတွေက ပိုပြင်းထန်တာမျိုး ဖြစ်ရင်ပဲဖြစ်ဖြစ်၊ အခြားသော လက္ခဏာတွေဖြစ်တဲ့ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးတွေလိုမျိုး အရာတွေကိုပါ တွဲပြီး ခံစားရတာမျိုး ဖြစ်မယ်ဆိုရင် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!