- တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ
- ဘက်တီးရီးယား ပေါက်ဖွားတာ
- အချိန်အတော်ကြာတဲ့အထိ တမ်ပွန်၊ လစဉ်သုံးတို့ကို မလဲဖြစ်တာ
- တစ်နေ့ကို ၂ ကြိမ်လောက် ရေချိုးပါ
- တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
- လစဉ်သုံး၊ တမ်ပွန် စတာတွေကို ၄ နာရီခြား တစ်ခါ လဲလှယ်ပေးပါ
- လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပါ
- အတွင်းခံကို သေချာသန့်စင်လျှော်ဖွတ်အခြောက်ခံလို့ ဝတ်ဆင်ပါ
ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့ လိုမလဲ!
ရာသီသွေးဆင်းချိန်မှာ ပုံမှန်မဟုတ်တဲ့ အနံ့ထွက်တာမျိုးနဲ့အတူ အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ပြသဖို့ လိုပါမယ်။- ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ
- ဆီးသွားချိန်မှာ နာကျင်တာ
- အကျိအချွဲတွေ ဆင်းတာ
- သားအိမ်ခေါင်းဝ ယားယံတာ
- အတူနေချိန်မှာ နာကျင်တာ
- ဆီးသွားရင်ပူတာလိုမျိုးတွေ ဖြစ်နေမယ်ဆိုရင် ပိုးဝင်ကူးစက်မှု ရှိနေလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။
Lotoshin ရဲ့ စကားလက်ဆောင် ရာသီသွေးဆင်းတာက ကျန်းမာတဲ့ ပြယုဂ်တစ်ခုဖြစ်သလို ရာသီသွေးဆင်းတာက အရမ်းမများဘဲ၊ အနံ့ဆိုးနေတာမျိုး ကာလရှည်ကြာဆင်းနေတာမျိုး မရှိဘူးဆိုရင်တော့ ကျန်းမာတဲ့ အခြေအနေလို့ ဆိုရမှာပါ။ ရာသီသွေးက သွေးပုပ်တွေ မဟုတ်သလို သွေးက အနံ့ဆိုးနေတာမျိုးမဟုတ်ဘဲ ပြင်ပလေထုနဲ့ ထိတွေ့ချိန်မှသာ ရာသီသွေးက အနံ့ပြောင်းသွားတာမျိုးပါ။ ဒါကြောင့် ရာသီလာချိန်မှာ အနံ့ဆိုးကင်းစေဖို့ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!