အတွင်းခံ အရေးကြီးသလား!
အတွင်းခံဆိုတာက လေဒီလေးတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော မိန်းမကိုယ် ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့အရာပါ။ အတွင်းခံဆိုတာက မိန်းမကိုယ်နဲ့ အဝတ်အစားတွေကြားမှာ ကာကွယ်ပေးထားတဲ့ အဝတ်အထည် တစ်မျိုးပါ။ အတွင်းခံက မိန်းမကိုယ်ကို မလိုအပ်ဘဲ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကြားခံပေးထားတဲ့ အရာပါ။ မိန်းမကိုယ် ကျန်းမာစေဖို့ဆိုရင် အတွင်းခံကို သေချာလေး ရွေးချယ်မိဖို့တော့ လိုပါမယ်။ မိန်းမကိုယ်ကို သေချာ မရွေးမိတာ၊ သန့်ရှင်းရေးကို သေချာ ဂရုမစိုက်မိတာမျိုး ဖြစ်မယ်ဆိုရင်တော့- မိန်းမကိုယ် ယားယံတာ
- မိန်းမကိုယ် ပိုးဝင်တာ
- မိန်းမကိုယ် မှိုစွဲတာ
- သားအိမ်ခေါင်းဝ ပူတာ၊ ယားတာမျိုး ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။
လေဒီလေးတိုင်း သိထားသင့်တဲ့ အတွင်းခံ သန့်ရှင်းရေး
မိန်းမကိုယ် ကျန်းမာစေဖို့ဆိုရင် လေဒီလေးတွေ အနေနဲ့ အတွင်းခံ သန့်ရှင်းရေးကို သေချာလေး လိုက်နာဖို့ လိုပါမယ်။- ချည်သား အတွင်းခံကိုပဲ ရွေးပါ
- အတွင်းခံကို တစ်ခါဝတ်ပြီးတိုင်း လျှော်ပါ
- အတွင်းခံကို သေချာ ခြောက်သွေ့အောင် လှမ်းပါ
- အတွင်းခံကို မီးပူတိုက်ဝတ်ပါ
- ပရုတ်လုံးနဲ့ သိမ်းတာမျိုး မလုပ်ပါနဲ့
- ၆ လ တစ်ခါ အတွင်းခံတွေကို လဲပေးပါ
- ညဘက်ကို အတွင်းခံ ဝတ်မအိပ်ပါနဲ့
Lotoshinn ရဲ့ စကားလက်ဆောင် လေဒီလေးတိုင်း နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်းလေးတွေထဲက တစ်ခုက မိန်းမကိုယ်လေးပါ။ ဒီမိန်းမကိုယ်လေး ကျန်းမာစေဖို့ဆိုရင် နေ့စဉ် မိန်းမကိုယ်အရေပြားနဲ့ အနီးကပ်ဆုံး ထိတွေ့နေရတဲ့ အတွင်းခံလေးကို သေချာလေး ထိန်းသိမ်းတတ်ဖို့ လိုပါမယ်။ အတွင်းခံကို ချည်သားလေး ရွေးမယ်၊ လေနဲ့ နေနဲ့ သေချာခြောက်အောင်လုပ်မယ်။ မီးပူတိုက်ပြီးမှ ဝတ်ဆင်တာမျိုး လုပ်ပေးမယ်ဆိုရင် မိန်းမကိုယ် အနံ့ဆိုး ထွက်တာမျိုးကစလို့ မိန်းမကိုယ် မှိုပိုးဝင်တာမျိုးအထိ အမျိုးမျိုးသော စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေကို အဝေးဆုံးမှာ ထားနိုင်မှာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!